ဗီယက်နမ် စစ်အတွင်း ရာဇဝတ်မှုတွေ ကန် ကျူးလွန်ခဲ့ဟုဆို

ဓာတ်ပုံ မူပိုင် epa
Image caption ဗီယက်နမ်စစ် ပြီးဆုံးမှု နှစ် ၄၀ ပြည့် အခမ်းအနား မြင်ကွင်း တစ်ကွက်။

ဗီယက်နမ် စစ်ပွဲ အတွင်းမှာ အမေရိကန် ပြည်ထောင်စုဟာ ရိုင်းစိုင်းတဲ့ ရာဇဝတ်မှုတွေ မရေမတွက် နိုင်အောင် ကျူးလွန် ခဲ့တယ်လို့ ဗီယက်နမ် ဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။

ဟိုချီမင်း မြို့တော်မှာ ပြုလုပ်တဲ့ ဗီယက်နမ် စစ်ပွဲ ပြီးဆုံးမှု နှစ် ၄၀ ပြည့် အခမ်းအနားမှာ ဝန်ကြီးချုပ် ငုယင် တန် ဒန်းက ပြောလိုက်တာပါ။

၁၉၇၅ ခုနှစ် ဧပြီ ၃၀ ရက်မှာ အဲဒီအချိန်က တောင်ဗီယက်နမ်ရဲ့ မြို့တော် ဆိုင်ဂုံကို မြောက်ပိုင်းက ကွန်မြူနစ် တပ်တွေ သိမ်းပိုက်ခဲ့ပြီး ဟိုချီမင်း မြို့တော်လို့ ပြောင်းလဲ ခေါ်ဝေါ် ခဲ့ပါတယ်။

ဗီယက်နမ် စစ်ပွဲအတွင်း အမေရိကန် စစ်သား ငါးသောင်း ရှစ်ထောင်နဲ့ ဗီယက်နမ် လူမျိုး ၃ သန်းလောက် သေဆုံးခဲ့ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ အမေရိကန်နဲ့ ဗီယက်နမ်တို့ကြား ဆက်ဆံရေး ကောင်းမွန်နေသလို ကျယ်ပြန့်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေလည်း ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ