ထိုင်းမှာ လူသေမြှုပ်နံရာ မြေကျင်း ၃၀ ကျော် တွေ့ရှိ

  • 1 မေ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption ရက်ပိုင်း အတွင်း မြေကျင်း အားလုံးကို ဖော်သွားမယ်ဟု ဆို။

ထိုင်းနိုင်ငံမှာ မလေးရှားနဲ့ နယ်စပ်အနီး မှောင်ခို လမ်းကြောင်း ရှိရာ တောတွင်း ဒေသက စွန့်ပစ်ထားတဲ့ စခန်းတစ်ခုမှာ လူသေတွေ မြှုပ်နှံ ထားတယ်လို့ ယူဆရတဲ့ မြေကျင်းပေါင်း ၃၀ ကျော်ကို တွေ့ရှိခဲ့ရကြောင်း ထိုင်း အာဏာပိုင် တွေက ပြောပါတယ်။

အဲဒီ မြေကျင်းတွေ ထဲက အလောင်းအချို့ကို တူးဖော် နိုင်ခဲ့ပြီး ဘယ်သူတွေ ဖြစ်တယ် ဆိုတာကို ကွဲကွဲပြားပြား မသိရှိရသေးပါဘူး။

အဲဒီ ဒေသဟာ မလေးရှား နိုင်ငံထဲကို ရိုဟင်ဂျာတွေ ခိုးသွင်းရာ လမ်းကြောင်းပေါ်မှာ ရှိတဲ့ အတွက် အဲဒီ အလောင်းတွေဟာ ရိုဟင်ဂျာတွေရဲ့ အလောင်းတွေ ဖြစ်နိုင်တယ်လို့ ခန့်မှန်း ပြောဆိုမှုတွေ ရှိနေပါတယ်။

ထိုင်း ရဲတပ်ဖွဲ့ ကတော့ လာမယ့် ရက်အနည်းငယ် အတွင်း အဲဒီ မြေကျင်းတွေ အားလုံးကို တူးဖော်သွားမှာ ဖြစ်ပြီး အလောင်းတွေကို စစ်ဆေး သွားမယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ