အီ​သီ​ယို​ပီ​ယား​နွယ်​ဖွား ဂျုး​တွေ ဆန္ဒပြ

_israel_protest_
Image caption အီသီယိုပီးယား နွယ်ဖွား အစ္စရေး စစ်သား တစ်ဦး ကို အစ္စရေး ရဲ တွေ က ဝိုင်းဝန်း ရိုက် နှက် နေတာ ကို တွေ့ ခဲ့ ကြပြီး တဲ့ နောက်၊ ရဲ တပ်ဖွဲ့ ရဲ့ လူမျိုးရေး ခွဲခြား ဆက်ဆံ မှု ကို ဆန့်ကျင် တဲ့ ချီတက် ဆန္ဒပြ မှု လုပ်ဆောင် လာတာ ဖြစ်ပါတယ်။

အစ္စရေး နိုင်ငံ ရဲ့ မြို့ကြီး တစ်ခု ဖြစ်တဲ့ တယ်လ်အဗီး မှာ ရဲ နဲ့ အီသီယိုပီးယား နွယ်ဖွား ဂျူး ဆန္ဒပြ သူတွေ အကြား ထိပ်တိုက် တွေ့မှု တွေ ဖြစ် ပေါ် ခဲ့ပြီး ရဲက မျက်ရည်ယို ဗုံး တွေ မျက်စိ ကျိန်းစေပြီး အသံ ကျယ်လောင် တဲ့ အဓိကရုဏ်း ဖြိုခွဲရေး သုံး ဗုံး တွေ ပစ်ခတ် ကာ လူစု ခွဲခဲ့ ရပါတယ်။

အစ္စရေး ရဲ တွေ ဟာ လူမျိုးရေး ခွဲခြား ဆက်ဆံ တယ် ဆိုပြီး အီသီယိုပီးယား နွယ်ဖွား တွေ က ဆန္ဒ ပြခဲ့ ကြတာ ဖြစ်ပါတယ်။

တယ်လ်အဗီး မြို့ရဲ့ ရာဘင်း ရင်ပြင် မှာ အဓိကရုဏ်း ထိန်းသိမ်းရေး ရဲ တွေ နဲ့ ထိပ်တိုက် ရင်ဆိုင် ခဲ့ ကြတဲ့ ဆန္ဒပြ သူတွေ ဟာ ကျောက်ခဲတွေ ၊ ပုလင်း တွေ နဲ့ ရဲ တပ်ဖွဲ့ ကို ပစ်ပေါက် တာမျိုး တွေ လုပ် ခဲ့ကြ သလို ရဲ ကား တစ်စီး ကို လည်း ဆွဲ လှန် ပစ်ခဲ့ ကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းက ပေါ် ထွက် လာခဲ့တဲ့ ဗီဒီယို အပိုင်းအစ တစ်ခု ထဲ မှာ အီသီယိုပီးယား နွယ်ဖွား အစ္စရေး စစ်သား တစ်ဦး ကို အစ္စရေး ရဲ တွေ က ဝိုင်းဝန်း ရိုက် နှက် နေတာ ကို တွေ့ ခဲ့ ကြပြီး တဲ့ နောက် ရဲ တပ်ဖွဲ့ ရဲ့ လူမျိုးရေး ခွဲခြား ဆက်ဆံ မှု ကို ဆန့်ကျင် တဲ့ ချီတက် ဆန္ဒပြ မှု လုပ်ဆောင် လာတာ ဖြစ်ပါတယ်။