မြေထဲပင်လယ်ကို ဖြတ်လာသူ ၄၀၀၀နီးပါးကို အီတလီကယ်

ဓာတ်ပုံ မူပိုင် AFP
Image caption ပြီးခဲ့တဲ့ လက မြေထဲပင်လယ်မှာ သင်္ဘောနစ်ပြီး ရွှေ့ပြောင်း ဒုက္ခသည် ၈၀၀ကျော် သေဆုံးခဲ့

ဥရောပနိုင်ငံတွေမှာ ရွှေ့ပြောင်း ခိုလှုံဖို့ လွန်ခဲ့တဲ့ ၂၄နာရီအတွင်း အာဖရိက ဒေသကနေ မြေထဲပင်လယ်ကို လှေသင်္ဘောတွေနဲ့ ဖြတ်ကျော် ဝင်လာသူပေါင်း ၃၅၀၀ ကျော်ကို ကယ်ဆယ်ထားတယ်လို့ အီတလီ ကမ်းခြေစောင့် တပ်ဖွဲ့တွေက ပြောပါတယ်။

အဲဒီလူတွေကို အီတလီနိုင်ငံ ဆိပ်ကမ်းတွေဆီ ခေါ်ဆောင် သွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လက မြေထဲပင်လယ်မှာ သင်္ဘော နစ်မြုပ်ပြီး လူ ၈၀၀ ကျော် သေဆုံးခဲ့အပြီးမှာ ဥရောပ သမဂ္ဂ ခေါင်းဆောင်တွေက နိုင်ငံရွှေ့ပြောင်းခိုလှုံဖို့ လာသူတွေရဲ့ ပြဿနာကိစ္စကို အရေးပေါ် အစည်းအဝေး ခေါ်ယူပြီး ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီလူတွေကို ပင်လယ်ထဲမှာ ရှာဖွေ ကယ်ဆယ်ရေး ဆောင်ရွက်ရေးအတွက် ထောက်ပံ့ငွေ ၃ဆ တိုးဖို့ကို ဥရောပ သမဂ္ဂ ခေါင်းဆောင်တွေ သဘောတူခဲ့ကြပါတယ်။