တော်ဝင် မင်းသမီးသစ်လေး အမည်ကင်ပွန်းတပ်

ဓာတ်ပုံ မူပိုင် AP
Image caption ထီးနန်း အရိုက်အရာ ဆက်ခံဖို့ လျာထားတဲ့ စာရင်းထဲမှာ မင်းသမီးလေး Charlotte က စတုတ္ထနေရာမှာ ရှိ

ဗြိတိသျှ တော်ဝင်မင်းသား Prince William နဲ့ ကိန်းဘရစ်ဂျ် မြို့စားကတော် Catherine တို့ရဲ့ သမီးတော်လေးကို Charlotte Elizabeth Diana လို့ အမည်ပေး ကင်ပွန်းတပ်ကြောင်း Kensington နန်းတော်က ထုတ်ပြန် ကြေညာလိုက်ပါတယ်။

သူ့ကို ကိန်းဘရစ်ဂျ် မင်းသမီး Charlotte လို့ တရားဝင် သတ်မှတ် ခေါ်ဝေါ်မှာ ဖြစ်ပါတယ်။

မင်းသမီးလေး Charlotte ဟာ ဗြိတိသျှ နန်းမွေ အရိုက်အရာကို ဆက်ခံဖို့ လျာထားသူတွေထဲမှာ စတုတ္ထ နေရာမှာ ရှိပါတယ်။

တော်ဝင်မင်းသမီးလေး Charlotte မွေးဖွားတဲ့ အထိမ်းအမှတ်အဖြစ် ဒီကနေ့ တနင်္လာနေ့ နေ့လည်က လန်ဒန်မြို့ မှာ တော်ဝင်တပ်က အမြောက်တွေ ပစ်ဖောက် ကြိုဆိုခဲ့ရာမှာ လန်ဒန်မြို့ တဝိုက် အမြောက်သံတွေ မြည်ဟီးသွားခဲ့ပါတယ်။