ထိုင်း တောင်ပိုင်းမှာ အရိုးစု ၂ ခု ထပ်မံ တွေ့ရှိ

ဓာတ်ပုံ မူပိုင် epa
Image caption ဆွန်ခလ ပြည်နယ်က တောတွင်း စခန်းဟောင်းမှာ အရိုးစု ၂ ခု ထပ်မံ တွေ့ရှိ။

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်က လူသေ မြှုပ်ထားတဲ့ ကျင်းတွေကနေ အလောင်း ၂၆ လောင်း တူးဖော် တွေ့ခဲ့ရပြီးနောက် အခုတခါ လူသေ အရိုးစု ၂ ခုကို ထပ်မံ တွေ့ခဲ့ရတယ်လို့ ထိုင်း အရာရှိတွေက ပြောပါတယ်။

လူကုန်ကူးမှု တွေနဲ့ ဆက်စပ်တယ်လို့ ယူဆရတဲ့ အဲဒီ အရိုးစု ၂ ခုကို ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်င ပြည်နယ်က တောတွင်း စခန်းဟောင်း တစ်ခုမှာ တွေ့ရတာ ဖြစ်ပြီး တစ်ခုကိုတော့ သစ်ပင်မှာ ကြိုးတုပ်လျက် တွေ့ရတယ်လို့ ဖန်င အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဖန်င ပြည်နယ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က လူသေ ၂၆ လောင်း တူးဖော် တွေ့ရှိခဲ့ရတဲ့ ဆွန်ခလ ပြည်နယ်နဲ့ ကီလိုမီတာ ရာနဲ့ချီ ဝေးကွာပြီး ဒီအမှု ၂ ခုစလုံးက လူကုန်ကူးမှုတွေနဲ့ ဆက်စပ် နေတယ်လို့ ယူဆကြပါတယ်။

လူကုန်ကူးမှု၊ ပြန်ပေးဆွဲမှု သံသယတွေနဲ့ ထိုင်း ဒေသခံ အရာရှိ ၃ ဦးနဲ့ မြန်မာ အမျိုးသား တစ်ဦး တို့ကို ဖမ်းဆီး ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ