အစ္စရေး ညွန့်ပေါင်း အစိုးရဖွဲ့ဖို့ သဘောတူချက်ရ

ဓာတ်ပုံ မူပိုင် AFP
Image caption မစ္စတာ နက်တာညာဟုရဲ့ လီကွဒ်ပါတီက ရွေးကောက်ပွဲမှာ အမတ်နေရာ ၃၀နဲ့ နိုင်ခဲ့

အစ္စရေးနိုင်ငံမှာ ညွန့်ပေါင်း အစိုးရဖွဲ့ဖို့ နောက်ဆုံး သတ်မှတ်ထားတဲ့နေ့ ကုန်ဆုံးခါနီးလေးမှာပဲ ဝန်ကြီးချုပ် ဘင်ညာမင် နက်တာညာဟု က ညွန့်ပေါင်း အစိုးရသစ် တရပ် ဖွဲ့ဖို့ သဘောတူချက် ရယူနိုင်ခဲ့ပါတယ်။

လင်္ကျာစွန်းဝါဒီ Jewish Home ပါတီက သူ့ရဲ့ ပါတီနဲ့ ပေါင်းဖို့ သဘောတူခဲ့တဲ့အတွက် ပါလီမန် အမတ် နေရာ ၁၂၀မှာ အမတ်နေရာ ၆၁နေရာနဲ့ ပွတ်ကာသီကာ အမတ်အများစု နေရာ ရယူနိုင်ခဲ့ပါတယ်။

သိမ်းပိုက်ခံ ပါလက်စတိုင်း နယ်မြေတွေမှာ ဂျူးအခြေစိုက် အိမ်ယာတွေ တိုးချဲ့ ဆောက်တာကို ထောက်ခံတဲ့ Jewish Home ပါတီ အနေနဲ့တော့ တရားရေး ဝန်ကြီးဌာနမှာ လုပ်ပိုင်ခွင့် အာဏာ ပိုရသွားမှာ ဖြစ်ပါတယ်။

အဲဒီ ညွန့်ပေါင်းအစိုးရအဖွဲ့ထဲမှာ အယူစွဲကြီးတဲ့ Orthodox ပါတီတွေလည်း ပါဝင်မှာပါ။

မစ္စတာ နက်တာညာဟုရဲ့ လီကွဒ် ပါတီဟာ မတ်လရွေးကောက်ပွဲမှာ အမတ်နေရာ ၃၀နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။