၂၀၁၅ ယူကေ ရွေးကောက်ပွဲ ဆန္ဒမဲ ပေးနေ

ဓာတ်ပုံ မူပိုင် AFP
Image caption နိုင်ငံ အနှံ့ လူပေါင်း သန်း ၅၀ လောက် မဲပေးဖို့ စာရင်းသွင်းထားကြ။

ယူကေ နိုင်ငံ ပါလီမန် ရွေးကောက်ပွဲ အတွက် မဲရုံပေါင်း ၅ သောင်းကို ဒီကနေ့ ကြာသပတေးနေ့ မနက်က စတင် ဖွင့်လှစ် ခဲ့ရာမှာ နိုင်ငံ တဝန်း သန်းနဲ့ချီတဲ့ မဲဆန္ဒရှင်တွေ မဲပေး နေကြပါတယ်။

သီတင်းပတ် အတော်ကြာ အကြီးအကျယ် မဲဆွယ် စည်းရုံးမှုတွေ လုပ်ခဲ့ ကြပြီးနောက် အဓိက ပါတီ ကြီးတွေရဲ့ ခေါင်းဆောင်တွေက စောစောစီးစီး သွားရောက် မဲပေးခဲ့ကြပါတယ်။

ယူကေ နိုင်ငံ တဝန်းက မဲဆန္ဒနယ် ၆၅၀ အတွက် ပါလီမန် အမတ်နေရာ ၆၅၀ ကို ရွေးကောက်ကြမှာ ဖြစ်ပြီး လူပေါင်း သန်း ၅၀ လောက်က မဲပေးဖို့ စာရင်း သွင်းထားကြပါတယ်။

အစိုးရသစ် ဘယ်လို ဖွဲ့စည်းမလဲ ဆိုတာကတော့ ဘယ်ပါတီက အမတ်နေရာ အများစု ရနိုင်မလဲ၊ ဒါမှမဟုတ် ဘယ်ပါတီတွေက အမတ်နေရာ အများစု ရအောင် ညွန့်ပေါင်း ဖွဲ့နိုင်မလဲ ဆိုတဲ့ အပေါ် မူတည်နေပါတယ်။

ရွေးကောက်ပွဲ သတင်းတင်ပြမှုနဲ့ ပတ်သက်တဲ့ စည်းကမ်းချက်တွေ အရ မဲပေးသူ တွေရဲ့ စိတ်ကို ပြောင်းလဲ ယိမ်းယိုင် သွားစေနိုင်ဖွယ် ရှိတာတွေကို ထုတ်လွှင့်လို့ မရတဲ့ အတွက် ရွေးကောက်ပွဲ ဆိုင်ရာ သတင်းတွေကို မဲရုံတွေ ပိတ်သိမ်းမယ့် ည ၁၀ နာရီ မတိုင်ခင် အထိ ဘီဘီစီ အနေနဲ့ ထုတ်လွှင့်ပေးမှာ မဟုတ်ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ