ယူကေ ရွေးကောက်ပွဲ ကွန်ဆာဗေးတစ် အနိုင်ရ

ဓာတ်ပုံ မူပိုင် epa

၂၀၁၅ ယူကေ ရွေးကောက်ပွဲမှာ အမတ်နေရာ ၆၅၀ စလုံးအတွက် မဲရလဒ်တွေကို ရေတွက်ပြီးတဲ့နောက်မှာ ကွန်ဆာဗေးတစ်က ၃၃၁၊ လေဘာက ၂၃၂၊ အက်စ်အန်ပီက ၅၆၊ လစ်ဘရယ် ဒီမိုကရက်က ၈နေရာ၊ မြောက်အိုင်ယာလန် အခြေစိုက် ဒီယူပီ ပါတီက ၈ နေရာ၊ တခြား ပါတီငယ်တွေက စုစုပေါင်း ၁၅ နေရာ အသီးသီး ရခဲ့ကြပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင်က ဘယ်ပါတီကမှ အပြတ်အသတ် အနိုင်မရနိုင်ဘူး ဆိုတဲ့ ခန့်မှန်းချက်ဟာ မှားယွင်းသွားခဲ့ပြီး ကွန်ဆာဗေးတစ် ပါတီက အမတ်နေရာ တစ်ဝက်ကျော်ကို ရခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ဒေးဗစ် ကင်မရွန်းက ဝန်ကြီးချုပ် အဖြစ် ဆက်ရှိနေမှာ ဖြစ်ပြီး အမှတ် ၁၀၊ ဒေါင်းနင်းလမ်းကို ပြန်သွားခဲ့ပါပြီ။

ဓာတ်ပုံ မူပိုင် PA

လေဘာ ပါတီ ခေါင်းဆောင် အက်ဒ်မီလီဘန် နဲ့ လစ်ဘရယ် ဒီမိုကရက် ခေါင်းဆောင် နစ်ကလက်တို့ ကတော့ ရာထူးကနေ နုတ်ထွက်သွားကြပါပြီ။

ယူကစ်ပါတီ ခေါင်းဆောင် နိုင်ဂျယ် ဖယ်ရာ့ဂျ်ကလည်း သူ ကိုယ်စားပြုတဲ့ မဲဆန္ဒနယ်မှာ အနိုင်မရတဲ့အတွက် နုတ်ထွက်သွားပါတယ်။

ဒေးဗစ် ကင်မရွန်းက ဒေါင်းနင်းလမ်းမှာ မိန့်ခွန်း ပြောရာမှာ ကြီးမြတ်တဲ့ ဗြိတိန်ကို ပိုမို ကြီးမြတ်အောင် လုပ်ဆောင် သွားမယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် epa

အခု ရွေးကောက်ပွဲ ရလဒ်တွေကြောင့် ယူကေနဲ့ ဥရောပ သမဂ္ဂတို့ အကြား အနာဂတ် ဆက်ဆံရေးမှာ သက်ရောက်မှုတွေ ရှိလာနိုင်သလို၊ ယူကေ နိုင်ငံတွင်း ပေါင်းစည်းမှု အပေါ်မှာလည်း ရိုက်ခတ်မှုတွေ ရှိလာနိုင်ပါတယ်။

ယူကေနဲ့ အီးယူ ဆက်ဆံရေးကို ပြန်လည် ညှိနှိုင်းဖို့နဲ့ အီးယူ အဖွဲ့ထဲမှာ ယူကေ ဆက်နေသင့် မနေသင့်ကို ဆုံးဖြတ်ဖို့လည်း လူထု ဆန္ဒခံယူပွဲ လုပ်သွားမယ်လို့ ဒေးဗစ် ကင်မရွန်းက ကတိပေး ထားပါတယ်။

စကော့တလန် ဘက်မှာ စကော့ အမျိုးသား ပါတီ အောင်မြင်မှုတွေ ရခဲ့တာကြောင့်လည်း ယူကေထဲကနေ စကော့တလန် ခွဲထွက်ဖို့ အရေး လူထု ဆန္ဒခံယူပွဲ နောက်တစ်ကြိမ် ထပ်လုပ် လာနိုင်တဲ့ အလားအလာ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ