ဗြိ​တိန်​ရဲ့ ထိပ်​တန်း​ဝန်ကြီး​နေရာ​တွေ​ကို ခန့်​အပ်

cameron ဓာတ်ပုံ မူပိုင်
Image caption ဝန်ကြီးချုပ် နေရာကို ဆက်လက် ရယူနိုင်လိုက်တဲ့ ဒေးဗစ် ကင်မရွန်

ဗြိတိန် ရဲ့ အထွေထွေ ရွေးကောက်ပွဲ မှာ ထင်မှတ် မထားပဲ ပြတ်ပြတ် သားသား အနိုင် ရလိုက် တဲ့ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန် ဟာ သူ့ရဲ့ အစိုးရ ကက်ဘိနက် အတွက် ထိပ်တန်း ဝန်ကြီး ၄ နေရာ ကို ခန့်အပ် လိုက်ပြီ ဖြစ်ပါတယ်။

ဗြိတိန် မှာ Chancellor of the Exchequer လို့ ခေါ်တဲ့ ဘဏ္ဍာရေး ဝန်ကြီး နေရာ ကို George Osborne က ပဲ ဆက်လက် ရရှိ ပြီး မစ္စတာ ကင်မရွန်း ရဲ့ ဒုတိယ ဝန်ကြီးချုပ် လည်း ဖြစ်လာ ပါတယ်။

ထီရေဇာမေ ကို ပြည်ထဲရေး ဝန်ကြီး၊ ဖိလစ်ပ်ဟာမဲန် ကို နိုင်ငံခြားရေးဝန်ကြီး နဲ့ မိုက်ကယ်ဖာလွန်ကို ကာကွယ်ရေး ဝန်ကြီးတို့ အဖြစ် အသီးသီး ပြန်လည် ခန့်အပ် ခဲ့ပါတယ်။

စကော့တလန်၊ ဝေလ နဲ့ မြောက်အိုင်ယာလန် တို့ မှာ ရှိတဲ့ ဥပဒေပြု ပါလီမန် လွှတ်တော် တွေကို လည်း လုပ်ပိုင်ခွင့် အာဏာတွေ ပိုပြီး ခွဲဝေ ပေးသွားမယ် လို့ ဝန်ကြီးချုပ် ကင်မရွန် က ဆိုပါတယ်။

အခုလို ဝန်ကြီးချုပ် ကင်မရွန် ရွေးကောက်ပွဲ အနိုင် ရလိုက် တဲ့ အပေါ် ဥရောပ ကော်မရှင် ဥက္ကဌ ယန်ကလို့ဒ်ယွန်ကာ က ဝမ်းသာ ဂုဏ်ယူကြောင်း ပြောပါတယ်။

ဥရောပ သမဂ္ဂ အီးယူ အတွင်း ပြုပြင် ပြောင်းလဲရေး တွေ လုပ်ဆောင် သင့်ကြောင်း ဝန်ကြီးချုပ် ကင်မရွန် အဆိုပြုလာ သမျှ ကို လက်ခံ ဆွေးနွေး သွားမှာ ဖြစ်တယ် လို့လည်း မစ္စတာ ယွန်ကာ က ဆိုပါတယ်။

ဝန်ကြီးချုပ် ကင်မရွန် ဟာ သူသာ ရွေးကောက်ပွဲ နိုင်ခဲ့ရင် ဗြိတိန် ကို ဥရောပ သမဂ္ဂ ထဲ ဆက်နေ မနေ ကို ဆုံးဖြတ်ဖို့ ပြည်လုံးကျွတ် ဆန္ဒ ခံယူ ပွဲ ကျင်းပ ပေးဖို့ ကတိ ပြု ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ