ဥရောပမှာ စစ်ပြီးဆုံးမှု နှစ် ၇၀ ပြည့် ကျင်းပ

ဓာတ်ပုံ မူပိုင် epa
Image caption ဒန်းဇစ်မြို့မှာ ပြုလုပ်တဲ့ အခမ်းအနားကို အစောဆုံး ကျင်းပခဲ့။

ဒုတိယ ကမ္ဘာစစ် ဥရောပတိုက်မှာ ပြီးဆုံးခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနား တွေကို ဥရောပ နိုင်ငံတွေမှာ ကျင်းပ ပြုလုပ် နေပါတယ်။

အထိမ်းအမှတ် ပွဲတွေကို ဥရောပ မြို့ကြီးတွေ ဖြစ်တဲ့ ပါရီ၊ လန်ဒန်နဲ့ ဘာလင် မြို့တွေမှာ ကျင်းပ နေကြသလို အမေရိကန် နိုင်ငံ ဝါရှင်တန် မြို့တော်မှာလည်း ပြုလုပ်နေပါတယ်။ မော်စကို မြို့မှာတော့ လာမယ့် စနေနေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

ပါရီမှာ ပြုလုပ်တဲ့ အထိမ်းအမှတ် ပွဲကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ တက်ရောက် ခဲ့ပြီး Arc de Triomphe ဗိမာန်မှာ လွမ်းသူ့ပန်းခွေ ချခဲ့ပါတယ်။

ဒုတိယ ကမ္ဘာစစ်ရဲ့ ပထမဆုံး ပစ်ခတ်မှုတွေ စတင်ခဲ့ရာ ပိုလန် နိုင်ငံ၊ ဒန်းဇစ် မြို့မှာလည်း အထိမ်းအမှတ်ပွဲကို အစောဆုံး ပြုလုပ် ခဲ့ပြီး ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ ဥရောပ အရှေ့ပိုင်း နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေ တက်ရောက် ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ