ကျူးဘား ပိတ်ဆို့မှု ရုပ်ဖို့ တိုက်တွန်း

  • 11 မေ 2015
cuba ဓာတ်ပုံ မူပိုင် AP
Image caption အမေရိကန် ဒဏ်ခတ် ပိတ်ဆို့မှု ဆန့်ကျင် ဆန္ဒပြ

ကျူးဘားကို အမေရိကန် ဒဏ်ခတ် ပိတ်ဆို့မှုတွေ အဆုံးသတ်ဖို့ ဟာဗားနား မြို့တော်ကို ရောက်နေတဲ့ ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်းက တောင်းဆို လိုက်ပါတယ်။

မစ္စတာ အော်လန်းဟာ ကျူးဘားမှာ ကွန်မြူနစ် တက်လာပြီးနောက် ပထမဆုံး ရောက်ရှိ သွားတဲ့ ပြင်သစ် နိုင်ငံရဲ့ အကြီးအကဲ ဖြစ်လာပါတယ်။

ဒဏ်ခတ် ပိတ်ဆို့မှုတွေကြောင့် ကျူးဘားရဲ့ ဖွံ့ဖြိုး တိုးတက်မှုကို အကြီးအကျယ် ထိခိုက် ပျက်ပြား စေတယ်လို့ မစ္စတာ အော်လန်းက ပြောပါတယ်။

တချိန်ထဲမှာပဲ နောက်နှစ်ထဲ ကျူးဘားကို အမေရိကန် သမ္မတ အိုဘားမား သွားဖို့ ကိစ္စ မဆုံးဖြတ် ရသေးဘူးလို့ အိမ်ဖြူတော်က ထုတ်ပြန် လိုက်ပါတယ်။

မနှစ် ဒီဇင်ဘာလက စပြီး ကျူးဘားနဲ့ အမေရိကန်ကြား အိုဘားမားရဲ့ ပြန်လည် စေ့စပ်တဲ့ မူဝါဒတွေကြောင့် နှစ် ၅ဝ ကျော် တင်းမာ နေမှုတွေ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ