အိန္ဒိယ နိုင်ငံရေးသမား ဂျာယာလာလီသာ အဂတိမှု ကင်းလွတ်

ဓာတ်ပုံ မူပိုင် AFP
Image caption ဂျာယာလာလီသာဟာ အိန္ဒိယ တောင်ပိုင်း နိုင်ငံရေး လောကရဲ့ ဦးဆောင်သူ တစ်ယောက် အနေနဲ့ နှစ်ပေါင်းများစွာ ရှိနေခဲ့။

အိန္ဒိယ နိုင်ငံမှာ အဂတိ လိုက်စားမှု စွဲချက်တွေနဲ့ ထောင်ဒဏ် ချမှတ်ခံထားရတဲ့ ထင်ရှားတဲ့ နိုင်ငံရေး သမား တစ်ယောက် ဖြစ်သူ ဂျာယာလာလီသာ ဂျာယာရမ် Jayalalitha Jayaram ကို အပြစ် မရှိကြောင်း အယူခံ ခုံရုံး တစ်ခုက ဆုံးဖြတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက တရားရုံး ကြားနာ စစ်ဆေးမှုမှာတော့ တမီလ်နာဒူး ပြည်နယ် ဝန်ကြီးချုပ် ဖြစ်တဲ့ ဂျာယာလာလီသာဟာ အမေရိကန် ဒေါ်လာ ၁၀ သန်းကျော်ကို သူမရဲ့ ကိုယ်ကျိုး အတွက် တရားမဝင်တဲ့ နည်းနဲ့ ရယူခဲ့တယ်လို့ ပြစ်မှု ထင်ရှားခဲ့တာ ဖြစ်ပါတယ်။

အခုတော့ အိမ်နီးချင်း ကာနာတာကာ ပြည်နယ်ရဲ့ တရားရုံးချုပ်က အပြစ်မရှိကြောင်း အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်တဲ့အတွက် သူမရဲ့ အရင်ရာထူး ဖြစ်တဲ့ ပြည်နယ် ဝန်ကြီးချုပ် နေရာကို သီတင်းပတ် အနည်းငယ် အတွင်း ပြန်လည် ထမ်းဆောင် နိုင်ဖွယ် ရှိတယ်လို့ သတင်းထောက် တွေက ပြောကြပါတယ်။

အရင်က သရုပ်ဆောင်ဟောင်း ဖြစ်ခဲ့သူ မစ် ဂျာယာလာလီသာဟာ အိန္ဒိယ တောင်ပိုင်း နိုင်ငံရေး လောကမှာ နှစ်ပေါင်း ၃၀ ကြာ ဦးဆောင်သူ တစ်ဦး အနေနဲ့ ရှိနေခဲ့သူ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ