ဘင်္ဂလားဒေ့ရှ်မှာ တတိယမြောက် ဘလော့ဂါ အသတ်ခံရ

ဓာတ်ပုံ မူပိုင် AFP
Image caption မစ္စတာ Ananta Bijoy Das ဟာ နေ့အချိန်လမ်းပေါ်မှာ သတ်ဖြတ်ခံခဲ့ရ။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဘာသာရေးနဲ့ နိုင်ငံရေးကို သီးခြား ထားသင့်တယ်လို့ အယူအဆ ရှိသူ ဘလော့ဂါ တစ်ယောက်ကို မျက်နှာဖုံးစွပ် လူအုပ်စု တစ်စုက ခုတ်ထစ် သတ်ဖြတ် ခဲ့ပါတယ်။

ဒါဟာ ဘင်္ဂလားဒေ့ရှ်မှာ တစ်နှစ် အတွင်း တတိယ အကြိမ် ဘလော့ဂါ အသတ်ခံရတာ ဖြစ်ပါတယ်။

Ananta Bijoy Das ဆိုသူ ဘလော့ဂါဟာ နိုင်ငံ အရှေ့မြောက်ပိုင်းက Sylhet မြို့မှာ တိုက်ခိုက် သတ်ဖြတ် ခံခဲ့ရတာလို့ ရဲတွေက ပြောပါတယ်။

သူဟာ Mukto-Mona ဆိုတဲ့ ဝက်ဆိုက်မှာ စာတွေ ရေးသားသူ ဖြစ်ပြီး အဲဒီ ဝက်ဆိုက်ကို တာဝန်ယူ တည်းဖြတ်သူ ဖြစ်တဲ့ Avijit Roy ဟာလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဒါကာ မြို့တော်မှာ အသတ် ခံခဲ့ရပါတယ်။

မစ္စတာ Das ဟာ ဆွီဒင်နိုင်ငံမှာ ပြုလုပ်မယ့် စာနယ်ဇင်း လွတ်လပ်ခွင့် ဆိုင်ရာ ပွဲကို တက်ဖို့ ဗီဇာ လျှောက်ထားခဲ့ရာမှာ မအောင်မြင်ဘဲ ဘင်္ဂလားဒေ့ရှ်မှာ ရှိတဲ့ ဆွီဒင် သံရုံးက ပယ်ချခဲ့တယ်လို့ ဆွီဒင် စာရေးဆရာများ အသင်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ