နီပေါမှာ ၇.၄ ပြင်းအားရှိ ငလျင် ထပ်မံလှုပ်ခတ်

နီပေါနိုင်ငံ ဧဝရတ်တောင် အနီးက Namche Bazar မြို့နားမှာ အားပြင်းတဲ့ ငလျှင် လှုပ်ခတ်မှု တခု ဒီကနေ့ အင်္ဂါနေ့ မှာ ထပ်မံဖြစ် ပွားခဲ့ ပါတယ်။

အမေရိကန် ဘူမိဗေဒ တိုင်းတာရေး ဌာန အဆို အရ ပြင်းအား ၇.၄ ရှိတဲ့ ငလျင်ဟာ ခတ္တမန္ဒူမြို့ အရှေ့ဘက် ၅၂ မိုင် အကွာမှာ ဗဟိုပြု လှုပ်ခတ် ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသ စံတော်ချိန် နေ့လည် ၁၂နာရီ ၃၅ မိနစ် အချိန်မှာ ထပ်မံ လှုပ်ခတ်တဲ့ ဒီငလျင် တုန်လှုပ် မှုဟာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့နဲ့ ဘင်္ဂလာဒေ့ရှ် နိုင်ငံ ဒါကာ မြို့တို့ မှာလည်း ရိုက်ခတ် ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်က နီပေါ နိုင်ငံ အနောက်ပိုင်းမှာ ပြင်းအား ၇.၈ ရှိတဲ့ ငလျင် လှုပ်ခတ် ခဲ့ပြီး လူပေါင်း ၈ ထောင်ကျော် သေဆုံး ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ