ရွှေ့ပြောင်းဒုက္ခသည် စက်လှေ ၄ ရက်ကြာ လွင့်မျောနေ

ဓာတ်ပုံ မူပိုင် epa
Image caption ပြီးခဲ့တဲ့ ရက်ပိုင်းက မလေးရှားနဲ့ အင်ဒိုနီးရှားကို ရွှေ့ပြောင်းဒုက္ခသည် နှစ်ထောင်ကျော် ရောက်လာ။

မြန်မာ နိုင်ငံက ထွက်ခွာ လာတယ်လို့ ဆိုတဲ့ ရွှေ့ပြောင်း ဒုက္ခသည် ၃၅၀ ဟာ စက်လှေပေါ်မှာ စားစရာနဲ့ ရေ မရှိဘဲ ၄ ရက်ကြာ ပင်လယ်ပြင် အတွင်း လွင့်မျောနေဆဲ ဖြစ်တယ်လို့ အခွင့်အရေး လှုပ်ရှားသူ တစ်ဦးကို တယ်လီဖုန်းနဲ့ ပြောဆို ခဲ့ပါတယ်။

အခု သီတင်းပတ် အကုန်က သင်္ဘာ အဖွဲ့သားတွေ စွန့်ခွာ သွားခဲ့တဲ့ အဲဒီ စက်လှေပေါ်မှာ အမျိုးသမီး အယောက် ၅၀ နဲ့ ကလေးငယ် ၈၄ ယောက် ပါဝင်ပြီး လူအတော် များများလည်း ဖျားနာ နေကြတယ်လို့ ပြောပါတယ်။

သူတို့ရဲ့ စက်လှေက အင်ဂျင်စက် အလုပ်မလုပ်ဘဲ လွင့်မျောနေတဲ့ အတွက် တည်နေရာ အတိအကျကို ခုချိန်အထိ မသိရသေးဘူးလို့ Arakan Project က Chris Lewa က ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ကနေ ထွက်ခွာ လာကြတဲ့ ထောင်နဲ့ချီတဲ့ တခြား ရွှေ့ပြောင်း ဒုက္ခသည်တွေဟာလည်း ကမ်းကို ကပ်ခွင့်မရဘဲ စက်လှေတွေပေါ်မှာ ပိတ်မိ နေကြတယ်လို့ ခန့်မှန်းထားကြပါတယ်။

ထိုင်းနိုင်ငံ အတွင်း လူကုန်ကူးတဲ့ လမ်းကြောင်းပေါ်က စခန်းတွေမှာ ဒါဇင်နဲ့ချီတဲ့ အလောင်းတွေ တူးဖော် တွေ့ရှိခဲ့ပြီးနောက် လူကုန်ကူးမှု တိုက်ဖျက်ရေးကို ထိုင်းအစိုးရက စတင် ခဲ့တဲ့အတွက် ခိုးဝင် ရွှေ့ပြောင်းလာသူတွေ ကမ်းကပ်ခွင့် မရတော့တာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံတို့ကလည်း ရွှေ့ပြောင်းသူတွေရဲ့ စက်လှေတွေကို အကပ်မခံဘဲ မောင်းထုတ် နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ