IS အဖွဲ့ ဒုတိယ ခေါင်းဆောင် သေဆုံးပြီ

ဓာတ်ပုံ မူပိုင် epa
Image caption ဆုငွေ ၇ သန်း အထုတ်ခံထားရတဲ့ IS ဒုခေါင်းဆောင် သေဆုံးပြီလို့ အီရတ်က ပြော။

IS အစ္စလာမ္မစ်နိုင်ငံ အဖွဲ့ရဲ့ ဒုတိယ ခေါင်းဆောင်ဟာ အမေရိကန် ဦးဆောင်တဲ့ လေကြောင်း တိုက်ခိုက်မှု တစ်ခု အတွင်းမှာ သေဆုံးသွားပြီလို့ အီရတ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

Abdul Rahman Mustafa Mohammed ခေါ် Abu Alaa al-Afri ဟာ အီရတ်နိုင်ငံ၊ တယ်လ်အဖာ မြို့က ဗလီတစ်ခု အတွင်း ရှိနေစဉ် ပစ်မှတ်ထား ဗုံးကြဲ ခံခဲ့ရတာလို့ အီရတ် ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရသူက ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး အမေရိကန် စစ်တပ်နဲ့ IS အဖွဲ့တွေ ဘက်ကတော့ အတည်ပြုချက် မထုတ်ပြန် ကြသေးပါဘူး။

IS အဖွဲ့ ခေါင်းဆောင် ဖြစ်သူ Abu Bakr al-Baghdadi ဟာလည်း မတ်လက ဗုံးကြဲတိုက်ခိုက်မှု အတွင်းမှာ ဒဏ်ရာ ရခဲ့တဲ့အတွက် IS အဖွဲ့ရဲ့ လတ်တလော တိုက်ခိုက်မှုတွေကို ဒုတိယ ခေါင်းဆောင် Afri က ယာယီ ဦးဆောင် နေခဲ့တယ်လို့ ဆိုကြပါတယ်။

Abu Alaa al-Afri နဲ့ ပတ်သက်ပြီး သတင်းပေးနိုင်သူကို ဒေါ်လာ ၇ သန်း ပေးမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ပြီးခဲ့တဲ့ သီတင်းပတ်ကမှ ဆုငွေ ထုတ်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ