ပါကစ္စတန်မှာ ဘတ်စ်ကား ပစ်ခတ်ခံရ၊ ၄၅ ဦး သေဆုံး

ဓာတ်ပုံ မူပိုင် AFP
Image caption ရှီးယား မွတ်ဆလင်တွေ ဝတ်ပြုရာ နေရာကို ပို့ဆောင်ပေးစဉ် တိုက်ခိုက်ခံရ။

ပါကစ္စတန် နိုင်ငံ၊ ကရာချိ မြို့မှာ ရှီးယား မွတ်ဆလင်တွေ စီးနင်းလာတဲ့ ဘတ်စ်ကား တစ်စီး ပစ်ခတ် တိုက်ခိုက် ခံရတဲ့ အတွက် အနည်းဆုံး ၄၅ ဦး သေဆုံးပြီး လူ ၂၀ ဒဏ်ရာ ရသွားတယ်လို့ ပါကစ္စတန် ရဲတပ်ဖွဲ့က ပြောပါတယ်။

ရှီးယား မွတ်ဆလင်တွေ ဝတ်ပြုရာ နေရာကို သယ်ပို့ပေးတဲ့ အဲဒီ ဘတ်စ်ကားကို မော်တော်ဆိုင်ကယ်တွေ စီးလာတဲ့ သေနတ်သမား ၆ ဦးက ဟန့်တား ခဲ့ပြီးနောက် ကားပေါ် တက်လာကာ ပါလာသူ မှန်သမျှကို ပစ်ခတ် ခဲ့တာလို့ ရဲအရာရှိ တစ်ယောက်က ပြောပါတယ်။

ပါကစ္စတန် ဝန်ကြီးချုပ် နာဝပ်ဇ် ရှာရစ်ဖ် ကတော့ ဒီတိုက်ခိုက်မှုကို ရှုံ့ချလိုက်ပြီး စုံစမ်း စစ်ဆေးဖို့ ညွှန်ကြား လိုက်ပါတယ်။

ဒီပစ်ခတ်မှုဟာ ပါကစ္စတန် တာလီဘန်အဖွဲ့က ကွဲထွက်လာတဲ့ Jundullah ဆိုတဲ့ အဖွဲ့က သူတို့ လက်ချက် ဖြစ်တယ်လို့ ပြောပါတယ်။

ပါကစ္စတန်မှာ လူနည်းစု ရှီးယား မွတ်ဆလင် အများအပြားကို တိုက်ခိုက် တာဟာ အခု ပထမဆုံး အကြိမ် ဖြစ်တယ်လို့ သတင်းထောက် တွေက ပြောကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ