ဘူရွန်ဒီမှာ ပြိုင်ဘက် တပ်သားတွေ တိုက်ပွဲဖြစ်နေ

ဓာတ်ပုံ မူပိုင် AFP
Image caption ဘူဂျမ်ဘူရာ မြို့တော်က အဓိက နေရာတွေမှာ တိုက်ပွဲတွေ ဖြစ်နေ။

ဘူရွန်ဒီ နိုင်ငံမှာ စစ်ဗိုလ်ချုပ် တစ်ဦးက အာဏာသိမ်းကြောင်း ကြေညာခဲ့ပြီးနောက် မြို့တော် ဘူဂျမ်ဘူရာကို ထိန်းချုပ်နိုင်ဖို့ အာဏာသိမ်း တပ်သားတွေနဲ့ သမ္မတကို ထောက်ခံတဲ့ တပ်သားတွေကြား တိုက်ပွဲတွေ ဖြစ်ပွား နေပါတယ်။

နိုင်ငံပိုင် ရေဒီယို အသံလွှင့်ရုံ အဆောက်အအုံမှာ တိုက်ပွဲတွေ ပြင်းထန် နေပြီး ရေဒီယို ထုတ်လွှင့်မှုတွေက ပေါ်လိုက် ပျောက်လိုက် ဖြစ်နေပါတယ်။

သမ္မတ Pierre Nkurunziza ရဲ့ သစ္စာခံ တပ်သားတွေက လေဆိပ် အပါအဝင် အချက်အချာ ကျတဲ့ နေရာတွေကို ထိန်းချုပ် ထားတယ်လို့ သတင်းရပ်ကွက် တစ်ခုက ပြောပေမယ့် အာဏာသိမ်း ခေါင်းဆောင်တွေကတော့ သူတို့သာ ဆက်လက် ထိန်းချုပ် ထားတာပါလို့ ဆိုပါတယ်။

ဘူရွန်ဒီ နိုင်ငံမှာ သမ္မတ Nkurunziza က တတိယ သက်တမ်းအတွက် ထပ်မံ အရွေးခံဖို့ ကြိုးစားခဲ့ရာကနေ မတည်ငြိမ်မှုတွေ ပေါ်ပေါက်လာပြီး စစ်အာဏာသိမ်းတဲ့ အထိ ဖြစ်လာတာပါ။

လက်ရှိ အချိန်မှာ သမ္မတ Nkurunziza ဘယ်နေရာမှာ ရှိနေတယ် ဆိုတာ အတည်မပြု နိုင်သေးပါဘူး။ အချို့ကတော့ သမ္မတဟာ သူဆွေးနွေးပွဲ သွားတက်ခဲ့တဲ့ တန်ဇနီးယား နိုင်ငံမှာ ရှိနေတုန်းပဲလို့ ပြောကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ