ဘူ​ရွန်​ဒီ​သမ္မတ အိမ်​ပြ​န်ပြီ

_burundi- ဓာတ်ပုံ မူပိုင်
Image caption သမ္မတကိုထောက်ခံတဲ့တပ်နဲ့ အာဏာသိမ်းဖို့ ကြိုးစားတဲ့ တပ် မြို့တော် Bujumbura မှာ တိုက်ပွဲ ဖြစ်ခဲ့။

ဘူရွန်းဒီ နိုင်ငံ သမ္မတ Pierre Nkurunziza က သူ တိုင်းပြည် ကို ပြန် သွားခဲ့ပြီ လို့ ပြောပါတယ်။

သမ္မတ Nkurunziza တန်ဇေးနီးယား နိုင်ငံ မှာ ရောက်နေတုန်း စစ်တပ် ဗိုလ်ချုပ်ကြီး တစ်ဦး က သူ့ကို ဖြုတ်ချဖို့ ကြိုးစား ခဲ့ပြီး တစ်ရက် အကြာ မှာပဲ နိုင်ငံ ကို ပြန်သွားပြီ လို့ ခုလို ကြေညာ လာတာ ဖြစ်ပါတယ်။

ဘူရွန်ဒီ စစ်တပ် နဲ့ ရဲ အဖွဲ့ တို့ရဲ့ တိုင်းချစ်ပြည်ချစ် စိတ်ဓာတ် အပေါ် ဂုဏ်ယူ ကြောင်းနဲ့ တိုင်းသူ ပြည်သားတွေ လည်း အခြေ အနေ အရပ်ရပ် ကို စိတ်ရှည် သည်းခံခဲ့ လို့ ကျေးဇူး တင်ကြောင်း မစ္စတာ Nkurunziza က ပြောပါတယ်။

အစောပိုင်းတုန်းက သမ္မတ ကို ထောက်ခံတဲ့ တပ်တွေဟာ မြို့တော် Bujumbura ကို ပြန်လည် ထိန်းချုပ် လိုက်နိုင်ပြီ လို့ ပြောထား ပါတယ်။

အာဏာသိမ်း ဖို့ ကြိုးစား ခဲ့တာ ကို ထောက်ခံခဲ့ တဲ့ စစ်သား အရေ အတွက်ဟာ အနည်းငယ် ပဲ ရှိပြီး သောကြာ နေ့ ဆိုရင် ဒီလို တပ်တွင်း ပုန်ကန်သူ အားလုံးကို ရှင်းလင်း နိုင် ပြီ ဖြစ်ကြောင်း ဘူရွန်းဒီး စစ်ဦးစီးချုပ် က ပြောပါတယ်။

မစ္စတာ Nkurunziza အနေနဲ့ သမ္မတ သက်တမ်း ၃ ဆက်မြောက် ရ လာအောင် လာမယ့် ရွေးကောက်ပွဲ မှာ ဝင်ရောက် ယှဉ်ပြိုင်မယ် လို့ ဆုံးဖြတ်ခဲ့တဲ့ နောက် ဆန္ဒပြမှု တွေ ဖြစ်ပေါ် လာခဲ့ပြီး အခုလို တပ်တချို့ က အာဏာသိမ်းဖို့ ကြိုးစား ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ