အိန္ဒိယ ဝန်ကြီးချုပ် တရုတ်ပြည် ရောက်ရှိ

ဓာတ်ပုံ မူပိုင် AP
Image caption မိုဒီနဲ့ ရှီကျင်းပင်တို့ ရှီအန်း မြို့မှာ တွေ့ဆုံ။

အာရှက အင်အားကြီး နှစ်နိုင်ငံ ဖြစ်တဲ့ တရုတ် နဲ့ အိန္ဒိယတို့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်ဖို့ အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက ၃ ရက်ကြာမယ့် တရုတ် နိုင်ငံ ခရီးစဉ်ကို စတင် ခဲ့ပါတယ်။

မစ္စတာ မိုဒီက ရှေးဟောင်းမြို့ ဖြစ်တဲ့ Xian ရှီအန်း မြို့မှာ တရုတ် သမ္မတ ရှီကျင်းပင်နဲ့ တွေ့ဆုံခဲ့ပြီး ဘေဂျင်းနဲ့ ရှန်ဟိုင်း မြို့တွေဆီ ဆက်လက် သွားရောက်ဖို့ ရှိပါတယ်။

ကမ္ဘာ့ လူဦးရေ အသိပ်သည်းဆုံး နှစ်နိုင်ငံရဲ့ ခေါင်းဆောင်တွေဟာ ဒေါ်လာ ဘီလျံပေါင်း များစွာ တန်ကြေးရှိမယ့် သဘောတူ စာချုပ်တွေကို လက်မှတ် ထိုးဖို့ ရှိနေပါတယ်။

နှစ်နိုင်ငံကြားက ကြာမြင့်နေခဲ့တဲ့ နယ်စပ် ပြဿနာတွေကိုတော့ အားစိုက် ညှိနှိုင်း နေကြဆဲ ဖြစ်ပါတယ်။

တရုတ် နိုင်ငံဟာ အိန္ဒိယ အတွက် အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံ ဖြစ်ပြီး ၂၀၁၄ ခုနှစ် အတွက် နှစ်နိုင်ငံကြား ကုန်သွယ်မှု ပမာဏ စုစုပေါင်း ဒေါ်လာ ၇၁ ဘီလျံ ရှိခဲ့ပါတယ်။

ဒါပေမယ့် အိန္ဒိယဘက်က ကုန်သွယ်ရေး လိုငွေပြမှုဟာ ၂၀၀၁-၂၀၀၂ ခုနှစ်မှာ ၁ ဘီလျံ ရှိခဲ့ရာမှ ၂၀၁၄ မှာတော့ ၃၈ ဘီလျံ အထိ လိုငွေ ပြလာခဲ့ပါတယ်။

မစ္စတာ မိုဒီကတော့ သူ့ရဲ့ တရုတ်ခရီးစဉ်ဟာ အာရှဒေသ တစ်ခုလုံးကို တိုးမြင့် ကြွယ်ဝစေဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ