ဘူရွန်ဒီမှာ အာဏာသိမ်း ခေါင်းဆောင် ၃ဦးကို ဖမ်းဆီး

ဓာတ်ပုံ မူပိုင် Reuters
Image caption မတည်ငြိမ်မှုတွေကြောင့် လူ တစ်သိန်းကျော် နိုင်ငံ စွန့်ခွာ ထွက်ပြေးခဲ့တယ်လို့ ဆို။

ဘူရွန်ဒီ နိုင်ငံမှာ မအောင်မြင် ခဲ့တဲ့ အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ ခေါင်းဆောင်တွေထဲက ၃ ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ သမ္မတ Pierre Nkurunziza ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

စစ်တပ် ဗိုလ်ချုပ်ကြီး တစ်ဦးနဲ့ ရဲတပ်ဖွဲ့ အကြီးအကဲ ၂ ဦးတို့ကို အာဏာသိမ်းရန် ကြံစည်မှုတွေနဲ့ ဖမ်းဆီး လိုက်တာပါ။

ဒါပေမယ့် အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Godefroid Niyombare ကတော့ လွတ်မြောက် နေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

ဘူရွန်ဒီ သမ္မတဟာလည်း တန်ဇနီးယား နိုင်ငံမှာ ကြန့်ကြာနေရာကနေ ဘူရွန်ဒီ နိုင်ငံကို ပြန်လာ ခဲ့ပါပြီ။

သမ္မတ Nkurunziza ဟာ တတိယ သက်တမ်းအတွက် ထပ်မံ အရွေးခံဖို့ ကြိုးစားခဲ့စဉ် မတည်ငြိမ်မှုတွေ ပေါ်ပေါက် လာခဲ့ပြီး သူ တန်ဇနီးယား နိုင်ငံကို ရောက်ရှိနေစဉ် အာဏာသိမ်းဖို့ ကြိုးစားမှု ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။

ဘူရွန်ဒီ နိုင်ငံမှာ ပြီးခဲ့တဲ့ လက စတင်ခဲ့တဲ့ မတည်ငြိမ်မှုတွေကြောင့် လူ တစ်သိန်းကျော် နိုင်ငံ စွန့်ခွာ ထွက်ပြေး ခဲ့ကြတယ်လို့ ကုလ သမဂ္ဂက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ