အီဂျစ် သမ္မတဟောင်း သေဒဏ်ချမှတ်ခံရ

  • 16 မေ 2015
ဓာတ်ပုံ မူပိုင် Getty
Image caption တရားစီရင်မှုဟာအတုအယောင်လို့ မူဆလင်ညီနောင်များ အဖွဲ့ကဆို

အီဂျစ်နိုင်ငံ တရားရုံး တခုက သမ္မတဟောင်း မိုဟာမက် မော်စီကို သေဒဏ် ချမှတ်လိုက် ပါတယ်။

သူ့ကို လွန်ခဲ့တဲ့ လေးနှစ်တုန်းက အကျဉ်းထောင် ဖောက်ပြေးမှု တွေနဲ့ ပတ်သက်မှု ရှိတယ်ဆိုပြီး တရားစွဲဆို ခဲ့တာ ဖြစ်ပါတယ်။

တရားရုံး စီရင်ချက် အတိုင်း သူ့ကို ကွပ်မျက်ဖို့ သင့်မသင့် အီဂျစ် ဘာသာရေးခေါင်းဆောင် တွေက သဘောထား မှတ်ချက်ပေး ရမှာ ဖြစ်ပါတယ်။

မူဆလင် ညီနောင်များ အဖွဲ့ ကတော့ ဒီတရား စီရင်မှုဟာ အတု အယောင်သာ ဖြစ်တယ်လို့ ပြောပါတယ်။

မစ္စတာ မော်စီကို နိုင်ငံတော် လျှိုဝှက်ချက် တွေ ပေါက်ကြားမှုနဲ့ လည်း တရားစွဲဆို ထားတာ ရှိပြီး အဲဒီ အမှုကို တော့ ဆိုင်းငံ့ ထားပါတယ်။

မစ္စတာ မော်စီကို စစ်တပ်က ၂၀၁၃ ခုနှစ်မှာ ရာထူးက ဖယ်ရှား ခဲ့တာ ဖြစ်ပါတယ်။

အဲဒီအချိန်က စပြီး အာဏာပိုင် တွေဟာ ဥပဒေကို သုံးပြီး သမ္မတဟောင်း မော်စီနဲ့ သူ့အပေါ် ထောက်ခံသူ တွေကို နှိပ်ကွပ် ခဲ့တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူ တွေက ပြောပါတယ်။