အမေ​ရိ​ကန် နိုင်ငံ​ခြား​ရေး ဝန်ကြီး တ​ရုတ်ကိုသွား

_john_kerry ဓာတ်ပုံ မူပိုင် US Embassy
Image caption တောင်တရုတ်ပင်လယ် အရေး အဓိကထား ဆွေးနွေးမယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ ဟာ တရုတ်ပြည် ကို သွားရောက် ခဲ့ပြီ ဖြစ်ပါတယ်။

တောင်တရုတ် ပင်လယ်ပြင် မှာ တရုတ် ရဲ့ အင်အားသုံး ပြုမူ နေတာ တွေ အရှိန်မြင့်လာ တာ ကို ရပ်တန့်ဖို့ တရုတ် အစိုးရ ကို ဝန်ကြီး ကယ်ရီ က တောင်းဆို သွားဖို့ ရှိပါတယ်။

အခု ခရီးစဉ် ကို အတော် အချိန်ကြာ ကတည်းက စီစဉ် ထားနှင့်တာ ဖြစ်ပေမယ့်၊ တောင်တရုတ် ပင်လယ် ထဲ ဒေသတွင်း နိုင်ငံ တွေ နဲ့ ပိုင်ဆိုင်မှု အချင်းများနေတဲ့ နေရာ တွေ မှာ ကျွန်းမြေသား တု တွေ တည်ဆောက် တိုးချဲ့နေတဲ့ တရုတ် ရဲ့ လတ်တလော စီမံကိန်း တွေ အပေါ် အဓိက အာရုံစိုက် ဆွေးနွေး သွားမှာ ဖြစ်တယ် လို့ အမေရိကန် နိုင်ငံခြားရေး ဌာန က ဆိုပါတယ်။

တရုတ် အာဏာပိုင် တွေ ကလည်း သူတို့ အနေနဲ့ တရုတ် ရဲ့ အကျိုးစီးပွား ကို ကာကွယ် ရမှာ ဖြစ်တယ် လို့ ပြောဆို နေကြသလို ဝါရှင်တန် မှာ ရှိတဲ့ တရုတ် သံ အမတ် ကလည်း အမေရိကန် အစိုးရ ဟာ ကိုယ် ပြောတဲ့ အတိုင်း လိုက်နာကျင့်သုံး တတ် သူတွေ မဟုတ်ဘူး ဆိုပြီး တုန့်ပြန် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ