ဘူ​ရွန်​ဒီ​မှာ အာဏာ​သိမ်း​ဖို့​လုပ်​ခဲ့​သူ​တွေ လက်စားချေ​တိုက်ခိုက်​ခံ​ရ

  • 17 မေ 2015
_burundi_loyal_soldiers_ ဓာတ်ပုံ မူပိုင် reuters
Image caption သမ္မတကို သစ္စာခံသူတွေရဲ့ လက်စားချေ တိုက်ခိုက်မှု ရှိလာတ ကို ပြသနေတဲ့ သက်သေ အထောက်အထားတွေကို ဘီဘီစီ အနေနဲ့ တွေ့ခဲ့ရ။

ဘူရွန်ဒီ နိုင်ငံ မှာတော့ သမ္မတ Pierre Nkurunziza ကို ဖြုတ်ချ ဖို့ ကြိုးစားခဲ့တဲ့ မအောင်မြင် တဲ့ အာဏာသိမ်း မှု ဖြစ်ပေါ် ခဲ့ ပြီး တဲ့ နောက် သမ္မတ ကို သစ္စာ ခံသူ တွေ ရဲ့ လက်စားချေ တိုက်ခိုက်မှု ရှိလာတ ကို ပြသနေတဲ့ သက်သေ အထောက် အထား တွေ ကို ဘီဘီစီ အနေနဲ့ တွေ့ ခဲ့ ရပါတယ်။

မြို့တော် ဘူဂျွန်ဘူရာ က ဆေးရုံ တစ်ရုံ မှာ ကုသမှု ခံယူ နေတဲ့ ပုန်ကန်ခဲ့ သူတပ် သား တွေ ကို၊ သမ္မတ သစ္စာခံ ရဲ တွေ က လာရောက် ပစ်ခတ် ခဲ့တယ် လို့ တာဝန်ကျ ဆရာဝန် တစ်ဦး က ပြောပါတယ်။

သူပုန် တပ်သား ၃ ဦး လည်း အဲဒီ့ ရဲ တွေ ရဲ့ ခေါ် ဆောင် သွားတာ ခံခဲ့ ရပါတယ်။

အခင်း ဖြစ်ခဲ့ ရာ ဆေးရုံ ကို ကိုယ် တိုင် သွားရောက်ခဲ့တဲ့ ဘီဘီစီ သတင်းထောက် ကတော့ ပစ်ခတ် မှု ဖြစ်ပေါ် ခဲ့တဲ့ နေရာ မှာ ကျည်ဆံခွံ တွေ၊ မှန်ကွဲ စ တွေ နဲ့ ကြမ်း ပြင် ပေါ် က သွေးကွက် တွေ တွေ့ခဲ့ ရတယ် လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ