အီဂျစ်မှာ အစ္စလာမစ်တွေကို ကြိုးပေး ကွပ်မျက်

Image caption အီဂျစ်နိုင်ငံမှာ အစ္စလာမစ်တွေက စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့

အီဂျစ်နိုင်ငံမှာ အစ္စလာမစ် လက်နက်ကိုင် ၆ဦးကို အာဏာပိုင်တွေက ကြိုးပေး ကွပ်မျက်လိုက်ပါတယ်။

အဲဒီလူတွေဟာ ပြီးခဲ့တဲ့နှစ် မတ်လတုန်းက စစ်ကားတစင်းကို ချုံခို တိုက်ခိုက်ပြီး စစ်အရာရှိ နှစ်ဦးကို သတ်ခဲ့မှုအပါအဝင် စွဲချက် အတော်များများမှာ ပြစ်မှု ထင်ရှားခဲ့တာ ဖြစ်ပါတယ်။

သူတို့ဟာ အီဂျစ်နိုင်ငံရဲ့ ထိပ်တန်း ဂျီဟာ့ဒစ် အဖွဲ့ဖြစ်တဲ့ အဲန်ဆာ ဘေ့တ် အယ်လ် မက်က်ဒစ်စ် အဖွဲ့ဝင်တွေ ဖြစ်ပြီး IS အဖွဲ့နဲ့ မဟာမိတ်ပြုထားသူတွေ ဖြစ်ပါတယ်။

စနေနေ့တုန်းကလည်း လွန်ခဲ့တဲ့ ၄နှစ်တုန်းက အကျဉ်းထောင် ဖောက်မှုမှာ ပါဝင် ပတ်သက်နေမှုနဲ့ ဖြုတ်ချခံ သမ္မတဟောင်း မိုဟာမက်ဒ် မော်စီကို ပြစ်မှုထင်ရှားကြောင်း ကိုင်ရိုမြို့ တရားရုံးတခုက ဆုံးဖြတ်ခဲ့ပြီး တခြား လူ တရာကျော်လောက်နဲ့အတူ သေဒဏ် စီရင်ချက် ချခဲ့ပါတယ်။