IS တွေ​လက်​ထဲ ရမာ​ဒီ​မြို့ ကျ​ရောက်

p_ramadi ဓာတ်ပုံ မူပိုင် AP
Image caption တိုက်ပွဲတွေပြင်းထန်ခဲ့လို့ ရမာဒီမြို့ခံတွေလည်း ထွက်ပြေးလာခဲ့ရပါတယ်။

အီရတ်နိုင်ငံ မှာ မဟာဗျူဟာ မြောက် အရေးပါတဲ့ ရမာဒီ မြို့ မှာ တိုက်ပွဲတွေ ရက် အတန်ကြာ အပြင်းအထန် ဖြစ်ခဲ့ ပြီးတဲ့ နောက် အခုဆိုရင် အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တွေ လက်ထဲ တစ်မြို့လုံး ကျရောက် သွားပြီ ဖြစ်ပါတယ်။

အီရတ် အစိုးရ တပ်ဖွဲ့ တွေ အားလုံး ရမာဒီ ကနေ ဆုတ်ခွာ သွားကြ ပြီ လို့ အဲဒီမှာ ရှိတဲ့ ဘီဘီစီ ရဲ့ သတင်းရစ်မြစ် တွေ က ပြောပါတယ်။

IS တွေ က လည်း ရမာဒီ တိုက်ပွဲ မှာ အနိုင်ရ ကြောင်း ကြေညာ နေသလို၊ ဒေသ အုပ်ချုပ်ရေး မှုး ရဲ့ အစောပိုင်း တုန်းက တည်း က ပြောဆို ချက် တွေ အရ အစိုးရ အဆောက်အဦ တွေ အပါအဝင် မြို့ ပေါ် က အရေးကြီး တဲ့ နေရာ တွေ အားလုံး ကို IS တွေ က သိမ်းပိုက် ခဲ့ကြပြီ လို့ ဆို ထားပါတယ်။

တခါ၊ ဆီးရီးယား ထဲ ကို ကြည့် ပြန် ရင်တော့ ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် မြို့ ဖြစ်တဲ့ ပါလ်မိုင်းယား ကို သိမ်းပိုက် ဖို့ ကြိုးစားနေ တဲ့ IS တွေကို ဆီးရီးယား အစိုးရ တပ်တွေ က လေကြောင်း ပစ်ကူ တွေ သုံးပြီး တိုက်ထုတ် လိုက်နိုင်တယ် ဆိုတဲ့ သတင်းတွေ ရရှိ ပါတယ်။

ပါလ်မိုင်းယား ဟာ IS တွေ တိုက်ခိုက် မှု ကို ၄ ရက် တိုင်တိုင် ခံခဲ့ရပြီး ဒီ အတော အတွင်း၊ အနည်းဆုံး လူ ၃၀၀ သေဆုံး ခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ