ကန် ဒေသန္တရ ရဲကို စစ်ပုံစံ ပစ္စည်းတွေ မပေးတော့

  • 19 မေ 2015
ferguson ဓာတ်ပုံ မူပိုင် AP
Image caption ဖာဂူဆန် မြို့ခံတွေကြား မကျေနပ်မှုတွေ ဖြ်စပွား

အမေရိကန် ဒေသန္တရ ရဲ အဖွဲ့ တွေကို စစ်တပ် ပုံစံ အသုံးအဆောင် ပစ္စည်းတွေ မပေးဖို့ သမ္မတ ဘားရက် အိုဘားမားက တားမြစ် လိုက်ပါတယ်။

ဒီလို စစ်ပုံစံ သွားလာလှုပ်ရှားတာတွေကြောင့် လူထုကို ကာကွယ် စောင့်ရှောက်မယ့် ရဲ တပ်ဖွဲ့လို့ မမြင်ဘဲ သိမ်းပိုက်မယ့် တပ်တွေ လို ယူဆ လာနိုင်တယ်၊ လူထုနဲ့ ရဲကြား အမြင် တိမ်းစောင်းလာနိုင်တယ်လို့ သမ္မတ အိုဘားမားက ပြောကြား ခဲ့ပါတယ်။

နောက်ဆိုရင် သံချပ်ကာ ကားတွေ ၊ ပြောက်ကြား ဝတ်စုံ တွေ၊ ဖောက်ခွဲရေး လောင်ချာ လက်နက်တွေ ကို ဒီလို ရဲတပ်ဖွဲ့ ငယ်တွေမှာ တပ်ဆင် ပေးတော့မှာ မဟုတ်ဘူးလို့ အိမ်ဖြူတော်က ပြောကြား လိုက်ပါတယ်။

မစ်ဇူရီ ပြည်နယ် ဖာဂူဆန် မြို့မှာ မနှစ် နွေရာသီက ဖြစ်ပွားတဲ့ ဆန္ဒပြပွဲ တွေမှာ ရဲရဲ့ ကိုင်တွယ်ပုံ ကြမ်းတမ်းတယ် ဆိုတဲ့ စွပ်စွဲမှုတွေ ထွက်ပေါ် လာပြီး နောက် ဒီကြေညာချက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ရဲတွေ ဘာကြောင့် သံချပ်ကာ ဝတ်စုံ တွေ၊ သံချပ်ကာ ကားတွေ သုံးပြီး ထွက်လာတာလဲ လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

ဒီလို ဝတ်စုံ ပစ္စည်းတွေ ကို အလွဲသုံးစားလုပ်တာ၊ အလွန်အကျွံ အသုံးချတာတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ် ရှိတယ်လို့ အစိုးရ သုံးသပ်ချက်မှာ ရေးသား ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ