တက္က​ဆက် ဆိုင်​ကယ်​ဂိုဏ်း​တွေ​ကြား တိုက်​ခိုက်

bikers_texas_ ဓာတ်ပုံ မူပိုင် AP
Image caption Twin Peaks ကဖေး ဆိုင်ထဲ မှာ ဆိုင်ကယ်ဂိုဏ်း ၅ ဂိုဏ်း လောက်ထိ ရှိနေခဲ့ ပါတယ်။

အမေရိကန် ပြည်ထောင်စု ဝေကို မြို့ က စားသောက်ဆိုင် တစ်ဆိုင် မှာ ဆိုင်ကယ်စီး အုပ်စု တွေ ကြားထဲ ခိုက်ရန် ဖြစ်ပွားခဲ့ ကြတာမှာ အနည်းဆုံး လူ ၉ ဦး သေဆုံး သွားပါတယ်။

လူ အများအပြား လည်း ဒဏ်ရာ ရ သွားတယ် လို့ တက္ကဆက် ပြည်နယ် ရဲ တပ်ဖွဲ့ က ပြောပါတယ်။

ထိုးကြိတ် ကန်ကျောက် ရာ ကနေ ချိန်းကြိုး တွေ၊ ဒုတ် တွေ ဓါးတွေ ပါလာ ရုံသာ မက နောက်ဆုံး သေနတ် ပစ်ခတ် မှု တွေ ပါ ဖြစ် ပေါ် ခဲ့တယ် ဆိုပြီး ဒေသခံ သတင်း ဌာန တွေ ကို ရဲ တွေ က ပြောပါတယ်။

အခင်း ဖြစ်နေတုန်း မှာ ဆိုင်ဝန်ထမ်း တွေ ဟာ အစားအသောက် သိုလှောင်ရာ အအေးခန်း ထဲ သော့ပိတ်ပြီး တိမ်းရှောင် နေခဲ့ ကြရတယ် လို့လည်း ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ