ဆိုင်ကယ်ဂိုဏ်းတွေ တိုက်ခိုက်မှု ၁၉၂ဦးကို စွဲချက်တင်

ဓာတ်ပုံ မူပိုင် AP
Image caption စစ်မြေပြင် ရောက်သွားသလိုပဲလို့ မျက်မြင် သက်သေ တစ်ယောက်က ပြော။

အမေရိကန် ပြည်ထောင်စု၊ တက္ကဆက် ပြည်နယ်၊ ဝေကို မြို့မှာ လူ ၉ ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့တဲ့ ဆိုင်ကယ် ဂိုဏ်းတွေကြား တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး လူ ၁၉၂ ယောက်ကို ရာဇဝတ်မှုတွေနဲ့ စွဲချက် တင်လိုက်တယ်လို့ တက္ကဆက် ပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။

ဝေကို မြို့က စားသောက်ဆိုင် တစ်ဆိုင်မှာ တနင်္ဂနွေနေ့က ဆိုင်ကယ် ဂိုဏ်းတွေ အကြား ရန်ငြိုးဖွဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ရာမှာ အစောပိုင်းမှာ ရန်ဖြစ်သူတွေ အကြား ထိုးကြိတ် ကန်ကျောက် ရာကနေ ဓားတွေ၊ တုတ်တွေ၊ ချိန်းကြိုးတွေ ပါလာခဲ့ပြီး နောက်ဆုံးမှာ သေနတ်တွေနဲ့ပါ ပစ်ခတ် ခဲ့ကြတာ ဖြစ်ပါတယ်။

စားသောက်ဆိုင်မှာ ယာဉ်ရပ်နားရာ နေရာအတွက် အချင်းများရာကနေ စတင်ခဲ့တဲ့ တိုက်ခိုက်မှုတွေ အတွင်း ပြိုင်ဘက် ဂိုဏ်း ၅ ဂိုဏ်းအထိ ပါဝင် ခဲ့တယ်လို့ ဆိုပါတယ်။

တခြား စားသောက်သူတွေနဲ့ ဆိုင်ဝန်ထမ်းတွေ ကတော့ အခင်းဖြစ်ချိန်မှာ အစားအသောက် သိုလှောင်ရာ အအေးခန်း အတွင်း သော့ခတ်ပြီး တိမ်းရှောင် ခဲ့ကြရတယ်လို့ ပြောပါတယ်။

ဝေကို မြို့မှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေ အတွင်း အဆိုးရွားဆုံး ဖြစ်တယ်လို့ ရဲတပ်ကြပ် တစ်ဦးက ပြောပါတယ်။

တခြား ဆိုင်ကယ် ဂိုဏ်းသားတွေ အကြား တိုက်ခိုက်မှုတွေ ဆက်ဖြစ်နိုင်တဲ့ အတွက် အာဏာပိုင်တွေက လုံခြုံရေးကို တိုးမြှင့် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ