လှေစီး ဒုက္ခသည် အရေး အရေးပေါ် စည်းဝေး

rohingya ဓာတ်ပုံ မူပိုင် AFP
Image caption လှေစီး ဒုက္ခသည်တွေ ပင်လယ်ထဲ မျောပါနေ

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က ထောင်နဲ့ချီတဲ့ လှေစီး ဒုက္ခသည်တွေ အတွက် ထိုင်း၊မလေးရှား၊ အင်ဒိုနီးရှား ၃ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေ အရေးပေါ် အစည်းအဝေးကို ကွာလာလမ်ပူမှာ ဒီကနေ့ ကျင်းပ နေပါတယ် ။

အစာရေစာ ပြတ်လတ်ပြီး ပင်လယ် ပြင်မှာ မျောပါ နေတဲ့ ဒီဒုက္ခသည် တွေ ကူညီဖို့ ဒီ ၃ နိုင်ငံ အစိုးရ တွေကို နိုင်ငံတကာ ဖိအားတွေ တိုးပွား လာနေပါတယ်။

ဒီအစည်းအဝေးကို မြန်မာ ဘက်က တက်ရောက်ဖို့ ငြင်းဆန် ခဲ့ပါတယ်။

ဒီထောင်နဲ့ ချီမယ့် လှေစီး ဒုက္ခသည်တွေ အသက် ကယ်ဆယ်ရေး အတွက် ဖိလစ်ပိုင် နိုင်ငံက လှေသင်္ဘောတွေ ကူညီ ပေးမယ် လို့လည်း သိရ ပါတယ်။

ဒါပေမဲ့ ခိုလှုံခွင့် တောင်းခံသူ အစစ်တွေကိုပဲ လက်ခံနိုင်မယ်လို့ ဖိလစ်ပိုင် တရားရေး ဝန်ကြီး Leila de Lima က ပြောကြားပါတယ်။

ဗုဒ္ဓဟူး မနက် အစောပိုင်းမှာပဲ အင်ဒို နီးရှား ရေလုပ်သား တွေက ဒုက္ခသည် တရာ ကျော်ကို ကယ်ဆယ် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ