လှေစီးဒုက္ခသည်တွေကို မလေးနဲ့ အင်ဒို ယာယီလက်ခံ

ဓာတ်ပုံ မူပိုင် Reuters
Image caption အာချေးဒေသခံ ငါးဖမ်းလှေတွေက ဒုက္ခသည်လှေကို ကမ်းခြေဆီ ဆွဲခေါ်စဉ်။

ပင်လယ်ပြင်ထဲက စက်လှေတွေပေါ်မှာ ပိတ်မိနေတဲ့ ရွှေ့ပြောင်း ဒုက္ခသည် ၇ ထောင်ကို ယာယီ ခိုလှုံခွင့်ပေးဖို့ မလေးရှားနဲ့ အင်ဒိုနီးရှားတို့က ကတိပြုလိုက်မှု အပေါ် ကုလ သမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီ UNHCR က ကြိုဆို လိုက်ပါတယ်။

စက်လှေတွေပေါ်က ဒုက္ခသည်တွေကို ကမ်းပေါ် ခေါ်တင်ပြီး ဆေးကုပေးဖို့ ကိစ္စကို အချိန်မဆွဲဘဲ အလျင်စလို လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ UNHCR ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

အခုလို လှေစီး ဒုက္ခသည်တွေကို ယာယီ ခိုလှုံခွင့် ပေးဖို့ ကမ်းလှမ်းချက်ဟာ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံ ဆွေးနွေးမှု အပြီးမှာ ထွက်ပေါ် လာတာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီ ဒုက္ခသည်တွေကို နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အကူအညီနဲ့ တနေရာရာမှာ တစ်နှစ်အတွင်း ပြန်လည် နေရာချထားရမှာ ဖြစ်ပါတယ်။

လှေစီး ဒုက္ခသည် အများစုဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတို့က ရိုဟင်ဂျာတွေ ဖြစ်တယ်လို့ ဆိုပြီး သူတို့ကို အဲဒီ နိုင်ငံတွေက ပြန်လည် လက်ခံ မခံ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဓာတ်ပုံ မူပိုင် Reuters
Image caption နိုင်ငံတကာ အကူအညီနဲ့ တနေရာရာမှာ တစ်နှစ်အတွင်း ပြန်လည် နေရာချထားဖို့ သဘောတူထား။
ဓာတ်ပုံ မူပိုင် AFP
Image caption ဒုက္ခသည်တွေ လိုက်ပါရာ စက်လှေတစ်စီးရဲ့ အတွင်းပိုင်း မြင်ကွင်း။
ဓာတ်ပုံ မူပိုင် AP
Image caption စက်လှေတွေပေါ်က ဒုက္ခသည် စုစုပေါင်း ၇ ထောင်ခန့် ရှိနိုင်။

ဒီသတင်းနဲ့ပတ်သက်သမျှ