လူဝင်မှု ဥပဒေအသစ်တွေ ကင်မရွန်း ချပြ

ဓာတ်ပုံ မူပိုင် Reuters
Image caption လူဝင်မှု ကြီးကြပ်ရေး ကိစ္စ ဒေးဗစ် ကင်မရွန်း မိန့်ခွန်းပြော။

ဗြိတိန် နိုင်ငံအတွင်း တရားမဝင် ဝင်ရောက် သူတွေကို တားဆီးနိုင်ဖို့ ရည်ရွယ် ထားတဲ့ ဥပဒေ အသစ် တွေကို ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်က ထုတ်ပြ လိုက်ပါတယ်။

လက်ရှိ စနစ်ထဲမှာ တရားမဝင် ဝင်ရောက် သူတွေ အသုံးချ နိုင်တဲ့ ချို့ယွင်းမှုတွေ ရှိနေတယ်လို့ ဝန်ကြီးချုပ် ကင်မရွန်က ပြောပါတယ်။

ယူကေ နိုင်ငံထဲမှာ တရားမဝင် အလုပ် လုပ်ကိုင်ရင် ရာဇဝတ်မှု အဖြစ် သတ်မှတ်ဖို့နဲ့ သူတို့ ရရှိထားတဲ့ လုပ်ခ ငွေတွေကိုလည်း ရဲက သိမ်းဆည်း နိုင်ခွင့် ရှိဖို့ ဝန်ကြီးချုပ် ကင်မရွန် က ရည်ရွယ် ထားပါတယ်။

ယူကေထဲမှာ ရောက်နေတဲ့ အီးယူ အဖွဲ့ဝင် နိုင်ငံ တွေက လူအရေအတွက်ကို လျှော့ချဖို့အတွက်လည်း အဲဒီ လူတွေအတွက် လူမှု ဖူလုံရေး ခံစားခွင့်တွေမှာ ပြောင်းလဲမှုတွေ လုပ်ဆောင် သွားမယ်လို့ မစ္စတာ ကင်အရွန် က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ