မက္က​ဆီ​ကို​ပစ်ခတ်​မှု လူ၃၉ဦးသေ

chilapa_guerrero_mexico_militares_ ဓာတ်ပုံ မူပိုင် BBC World Service
Image caption အစိုးရ လုံခြုံရေး တပ်ဖွဲ့နဲ့ လက်နက်ကိုင် ဂိုဏ်း တစ်ခု အကြား အပြန်အလှန် ပစ်ခတ် ခဲ့ ကြတာ ဖြစ်ပြီး မူးယစ်ဆေးဝါး ကိစ္စ နဲ့ ပတ်သက်တယ် လို့ ယူဆ ရ။

မက္ကဆီကို နိုင်ငံ မီချုအာ့ကန် ပြည်နယ် မှာ မနက် အစောပိုင်း က ဖြစ်ပေါ် ခဲ့တဲ့ သေနတ် ပစ်ခတ်မှု တွေ အတွင်း အနည်းဆုံး လူ ၃၉ ဦး သေဆုံး သွား ပါတယ်။

ခါလိစ်စကို ပြည်နယ် နဲ့ နယ်စပ် အနီး ကျေးရွာတစ်ခု မှာ အစိုးရ လုံခြုံရေး တပ်ဖွဲ့နဲ့ လက်နက်ကိုင် ဂိုဏ်း တစ်ခု အကြား အပြန်အလှန် ပစ်ခတ် ခဲ့ ကြတာ ဖြစ်ပြီး မူးယစ်ဆေးဝါး ကိစ္စ နဲ့ ပတ်သက်တယ် လို့ ယူဆ ရပါတယ်။

မီချုအာ့ကန် ပြည်နယ် အတွင်းမှာ အပြိုင် လူဆိုးဂိုဏ်း တွေ အကြား တိုက်ခိုက်မှု တွေ ဖြစ်ပေါ် နေတာ ကာလ အတန် ကြာပြီ ဖြစ်ပါတယ်။

ဒေသခံ တွေ ကလည်း ဒီ လူဆိုးဂိုဏ်း တွေ ကို တုန့်ပြန် ဖို့ ကိုယ်ပိုင် အဖွဲ့ တွေ ဖွဲ့ ထား ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ