ဆော်ဒီမှာ အသေခံ ဗုံးခွဲ၊ ၁၀ ဦး သေဆုံး

  • 22 မေ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ဆော်ဒီနိုင်ငံအတွင်း ပထမဆုံး အသေခံ တိုက်ခိုက်မှု ဖြစ်။

ဆော်ဒီ အာရေဗျ နိုင်ငံ အရှေ့ပိုင်းက ရှီးယား မွတ်ဆလင်တွေ နေထိုင်တဲ့ ပြည်နယ်အတွင်း ရှီးယား ဗလီတစ်ခုမှာ အသေခံ ဗုံးခွဲမှု တစ်ခု ဖြစ်ခဲ့လို့ လူ ၁၀ ဦးထက် မနည်း သေဆုံးသွားတယ်လို့ ဆရာဝန် တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ဒဏ်ရာရသူ အနည်းဆုံး အယောက် ၇၀ ရှိပြီး အများစုက စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ Qatif ဆေးရုံက အရေးပေါ် ဆရာဝန်က ဆိုပါတယ်။

အခု တိုက်ခိုက်မှုဟာ အရှေ့အလယ်ပိုင်းက ဆွန်နီနဲ့ ရှီးယား မွတ်ဆလင်တွေ အကြား တင်းမာမှုတွေ မြင့်တက် နေချိန်မှာ ဆော်ဒီ အာရေဗျ နိုင်ငံ အတွင်း ပထမဆုံး တိုက်ခိုက်မှု ဖြစ်ပါတယ်။

ယီမင်နိုင်ငံမှာလည်း အစောပိုင်းက လူ ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တဲ့ အလားတူ တိုက်ခိုက်မှု ဖြစ်ခဲ့ပြီး၊ အဲဒီ တိုက်ခိုက်မှုကိုတော့ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့က သူတို့ လက်ချက်လို့ ပြောခဲ့ပါတယ်။

အခု ဆော်ဒီ အရှေ့ပိုင်းက တိုက်ခိုက်မှုကိုတော့ ဘယ်အဖွဲ့ကမှ သူတို့ လက်ချက် ဖြစ်ကြောင်း မပြောကြသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ