ဘူရွန်ဒီ အစိုးရနဲ့ အတိုက်အခံ ဆွေးနွေးမှု ရပ်ဆိုင်း

ဓာတ်ပုံ မူပိုင်
Image caption တတိယ သမ္မတ သက်တမ်း ပြန်အရွေးခံမယ်လို့ သမ္မတက ပြောခဲ့အပြီး ကန့်ကွက် ဆန္ဒပြမှုတွေ ပေါ်ပေါက်

ဘူရွန်ဒီနိုင်ငံမှာ မနေ့တုန်းက အတိုက်အခံပါတီငယ်တခုရဲ့ ခေါင်းဆောင် သေနတ်ပစ်သတ် ခံခဲ့ရအပြီးမှာ အတိုက်အခံတွေက အစိုးရနဲ့ ဆွေးနွေး ပြောဆိုမှုတွေကို ရပ်ဆိုင်းတော့မယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဇီဒီ ဖာရူဇီရဲ့ အလောင်းကို ဘူဂျွမ်ဘူရာမြို့တော်မှာ ရှိတဲ့ သူ့အိမ်အပြင်ဘက်မှာ တွေ့ခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ သမ္မတ ပြဲ N ခူရွန်ဇီဇာ ပြန်အရွေးခံမှာနဲ့ ပတ်သက်လို့ သူက ကန့်ကွက်လှုပ်ရှားနေတာပါ။

ဘူရွန်ဒီနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂနဲ့ အာဖရိက သမဂ္ဂ အဖွဲ့တို့က အစိုးရ၊ နိုင်ငံရေး ပါတီတွေနဲ့ လူမှု အဖွဲ့အစည်းတွေအကြား ညှိနှိုင်းဆွေးနွေးဖို့ ဦးဆောင် ဦးရွက်လုပ်ပေးနေတာ ဖြစ်ပါတယ်။

တတိယသမ္မတ သက်တမ်းအတွက် ရွေးကောက်ပွဲမှာ ဝင်အရွေးခံဖို့ သမ္မတ ပြဲ N ခူရွန်ဇီဇာရဲ့ ဆုံးဖြတ်ချက်ကြောင့် သီတင်းပတ်ပေါင်းများစွာ ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့အပြီးမှာ အာဏာသိမ်းဖို့ ကြံစည်မှု ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် အာဏာသိမ်းဖို့ ကြံစည်မှုက မအောင်မြင်ပဲ ပျက်ပြယ်သွားခဲ့ပါတယ်။