အမေရိကန်စွပ်စွဲမှုကို အီရတ်ငြင်းဆို

  • 25 မေ 2015
ash_carter ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန်အနေနဲ့ အီရတ်တပ်တွေကို လိုအပ် တဲ့ ထောက်ပံ့မှုတွေ ဆက်လက်ပေးမယ်လို့ မစ္စတာကာတာပြော။

အီရတ် အစိုးရ တပ်တွေ မှာ တိုက်ခိုက် လိုစိတ် မရှိ ဖြစ်နေတာ ဟာ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တွေ အသာစီးရ နေနိုင် တဲ့ အဓိက အခြေခံ အကြောင်း ပဲ ဖြစ်တယ် လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး က စွပ်စွဲ ခဲ့တဲ့ အပေါ် အီရတ် စစ်ဘက် ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် က ငြင်းဆို လိုက် ပါတယ်။

ဒါ့အပြင် အီရတ် သမ္မတ ဟိုင်ဒါ အယ်လ် အဘာဒီ ကလည်း လာမယ့် ရက် အနည်း အငယ် အတွင်း မှာ ပဲ သူ့ရဲ့ တပ် တွေ ဟာ ရမာဒီ မြို့ ကို IS တွေ လက်ထဲ က နေ ပြန်လည် လွတ် မြောက် စေလိမ့်မယ် လို့ ဘီဘီစီ ကို ပြောပါတယ်။

အစောပိုင်း တုန်း ကတော့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး အက်ရှ်တန်ကာတာ က အမေရိကန် အနေနဲ့ အီရတ် တပ်တွေ ကို လေ့ကျင့် ပေးတာ နဲ့ လက်နက် ပစ္စည်း ကိရိယာ တွေ တပ်ဆင် ပေး တာ တွေ အပါအဝင် လိုအပ် တဲ့ ထောက်ပံ့ မှု တွေ ဆက်လက် လုပ်ဆောင် မှာ ဖြစ်ပေမယ့် IS တွေ ကို နှိမ်နှင်းချင်ရင် တိုက်ခိုက် လိုစိတ် တွေ တိုးတက် မြင့်မား အောင် ပြုလုပ် မှပဲ ရမယ် လို့ ပြောထား ပါတယ်။

အက်ရှ်တန် ကာတန် ရဲ့ အခုလို ကြုံတောင့် ကြုံခဲ ဗြောင်ကျကျ ပြောဆို ဝေဖန်မှု ထဲ မှာ အီရတ် အစိုးရ တပ် သား တွေ ဟာ ရမာဒီ တိုက်ပွဲ တုန်းက လူအင်အား အရ အတော် သာလွန် နေပေမယ့် IS တွေ တိုက်ခိုက် လာချိန် မှာ အလွယ်တကူ ဆုတ်ခွာ ပေးခဲ့တယ် လို့ လည်း ပါ၀င် ပါတယ်။

IS တပ် တွေ အပေါ် အောင်ပွဲ ခံနိုင်ဖို့ ဆိုရင် အမေရိကန် မြေပြင်တပ် တွေ ပါ အီရတ် မှာ ချထား ဖို့ လိုတယ် လို့ ရှု့မြင် နေကြ တဲ့ အမေရိကန် အာဏာပိုင် အသိုင်းအဝိုင်း ထဲ က သူ တွေ အတွက် မစ္စတာ ကာတာ ရဲ့ အခုလို ပြောဆိုမှု ဟာ ပိုပြီး တွန်းအား ဖြစ် ပေါ် စေလာ နိုင် တယ် ဆိုပြီး ဘီဘီစီ ရဲ့ သတင်းထောက် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ