အိန္ဒိယမှာ အပူလှိုင်းဖြတ်၊ သေဆုံးသူ ၈၀၀ ရှိပြီ

  • 26 မေ 2015
ဓာတ်ပုံ မူပိုင် AP
Image caption မြို့ကြီး အများစုမှာ အပူချိန် ၄၀ ဒီဂရီ ဆဲလ်ဆီးယပ်စ် အထိ ရောက်ရှိ။

အိန္ဒိယ နိုင်ငံမှာ အပူလှိုင်း ဖြတ်သန်းမှုကြောင့် သေဆုံးသူ အရေအတွက် ၈၀၀ အထိ ရှိသွားပြီလို့ အိန္ဒိယ အာဏာပိုင်တွေက ပြောပါတယ်။

အပူလှိုင်းကြောင့် တချို့ နေရာတွေမှာ ၅၀ ဒီဂရီ ဆဲလ်ဆီးယပ်စ် (၁၂၂ ဖာရင်ဟိုက်) အထိ ပူပြင်း ခဲ့ပါတယ်။

သေဆုံးသူ အများစုဟာ အိန္ဒိယ တောင်ပိုင်းက အန်ဒရာ ပရာဒက်ရှ်နဲ့ တယ်လန်ဂါနာ ပြည်နယ်တွေက ဖြစ်ကြပါတယ်။

အစိုးရကတော့ လူတွေ အပြင် မထွက်ကြဖို့နဲ့ ရေဓာတ် မခြောက်ခန်းအောင် သတိပြုကြဖို့ ဆော်သြ ထားပါတယ်။

မုတ်သုန် ရာသီ စတင်မယ့် အခုလကုန် အထိ အပူချိန် မြင့်မားမှုတွေ ဆက်ရှိနေမယ်လို့ ခန့်မှန်း ထားကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ