အန်ဘာမှာ အီရတ် အစိုးရနဲ့ ရှီအာ တွေ ပူးပေါင်း စစ်ဆင်

  • 26 မေ 2015
anbar ဓာတ်ပုံ မူပိုင် Reuters
Image caption IS လက်ထဲက ရာမာဒီ မြို့နား မှာ ပူးတွဲ စစ်ဆင်

အီရတ် အနောက်ပိုင်းက အန်ဘာ ဒေသမှာ IS စစ်သွေးကြွ တွေကို တိုက်ထုတ်ဖို့ အီရတ် အစိုးရနဲ့ ရှီအာ မွတ်ဆလင် တွေ ပူးပေါင်း စစ်ဆင်ရေး ဆောင်ရွက် နေကြပါတယ်။

ပထမ အဆင့် အနေနဲ့ IS တွေ လက်ထဲ ကျနေတဲ့ ရာမာဒီ မြို့နား မှာ ဒီလို ပူးတွဲ စစ်ဆင်ရေးတွေ စတာလို့ အမေရိကန် ပင်တာဂွန် စစ်ဌာနချုပ် ပြောခွင့်ရ ပုဂ္ဂိုလ် တယောက်က ပြောပါတယ်။

အန်ဘာမြို့ကို အစိုးရ ဘက်က တပ်တွေ ဝိုင်းထားပြီလို့ ရှီအာ တွေ ဘက်က ပြောတာကို တော့ မဟုတ်ဘူးလို့ သူက ငြင်းဆို ပါတယ်။

ရှီအာ တွေက သူက အထွတ်အမြတ် ထားတဲ့ တမန်တော် မိုဟာမက်ရဲ့ မြေး တယောက် နာမည်ကို ဒီစစ်ဆင်ရေးရဲ့ နာမည် အဖြစ် သတ်မှတ်ဖို့ ဆုံးဖြတ် တာကိုလည်း ကူညီရာ မကျဘူးလို့ အမေရိကန် ဘက်က ဝေဖန် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ