ဖီဖာ အကျင့်ပျက်မှု၊ ဘလတ္တာ ဖိအားတွေနဲ့ ကြုံနေ

ဓာတ်ပုံ မူပိုင် AFP
Image caption အမေရိကန် အရာရှိတွေ စွဲချက်တင်ခဲ့တဲ့ ဖီဖာ ထိပ်တန်း အရာရှိတွေထဲမှာ ဘလတ္တာ မပါဝင်ခဲ့။

ဖီဖာ ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် အတွင်း အကျင့်ပျက် ချစားမှုတွေ အတွက် ထိပ်တန်း အရာရှိ ၇ ဦး ဗုဒ္ဓဟူးနေ့က ဖမ်းဆီး ခံခဲ့ရပြီးနောက် ဖိအားတွေ ကြုံလာရတဲ့ ဖီဖာ ဥက္ကဋ္ဌ ဆပ် ဘလတ္တာက အရေးပေါ် အစည်းအဝေး တရပ်ကို ခေါ်ယူ လိုက်ပါတယ်။

တချိန်တည်းမှာပဲ ယူကေ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက မစ္စတာ ဘလတ္တာကို ရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆို လိုက်ပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင် ကတော့ သောကြာနေ့မှာ ပြုလုပ်မယ့် ဖီဖာ ဥက္ကဋ္ဌ ရွေးကောက်ပွဲမှာ ငါးကြိမ်မြောက် ဆက်အရွေးခံမယ့် မစ္စတာ ဘလတ္တာရဲ့ အစီအစဉ်ကို ထောက်ခံ ထားပါတယ်။

ဖီဖာကို အဓိက စပွန်ဆာ ပေးထားတဲ့ ကုမ္ပဏီတွေ ဖြစ်တဲ့ ဗီဇာ၊ ကိုကာကိုလာ၊ အက်ဒီးဒက်စ်၊ မက်ဒေါ်နယ်၊ ဟွန်ဒိုင်း၊ ဘက်ဒ်ဝိုင်ဇာနဲ့ ဂက်ဇ်ပရွမ် ကုမ္ပဏီတွေကတော့ ဖီဖာ အနေနဲ့ သူ့ရဲ့ ဂုဏ်သတင်းကို ပြန်လည် မြှင့်တင်ဖို့ တွန်းအား ပေးထားကြပါတယ်။

မစ္စတာ ဘလတ္တာ အနေနဲ့တော့ ရာထူးကနေ နုတ်ထွက်ဖို့ ရည်ရွယ်ချက် မရှိသလို သောကြာနေ့မှာ ပြုလုပ်မယ့် ဥက္ကဋ္ဌ ရွေးကောက်ပွဲမှာ ထပ်မံ အရွေးခံဖို့ မျှော်လင့် ထားတဲ့အတွက် ဖိအားတွေနဲ့ ရင်ဆိုင် နေရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ