လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ ရဲ ၁၂ ဦးကို မလေးရှား ဖမ်းဆီး

ဓာတ်ပုံ မူပိုင် AP
Image caption မြေကျင်းတွေကို အခုသီတင်းပတ်က စပြီး တူးဖော်နေခဲ့။

မလေးရှား နိုင်ငံမှာ လူကုန်ကူးမှုတွေနဲ့ ဆက်နွယ်တယ် ဆိုတဲ့ သံသယနဲ့ ရဲတပ်ဖွဲ့ဝင် ၁၂ ယောက်ကို ဖမ်းဆီး လိုက်ပါတယ်။

အဲဒီအထဲက ၂ ယောက်ဟာ နယ်စပ်တလျှောက်မှာ အစောပိုင်းက တွေ့ခဲ့ရတဲ့ လူသေမြှုပ်တဲ့ မြေကျင်းတွေနဲ့ ဆက်နွယ်မှု ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ထိုင်းနယ်စပ် အနီးမှာ တွေ့ခဲ့တဲ့ မြေကျင်း ၁၃၉ ခုမှာ လူအစုလိုက် အပြုံလိုက် မြှုပ်နှံထားတာ မတွေ့ရကြောင်း၊ တစ်ဦးချင်းစီ ကောင်းကောင်းမွန်မွန် မြှုပ်နှံထားကြောင်း မလေးရှား ပြည်ထဲရေး ဒုဝန်ကြီး Wan Junaidi Tuanku Jaafar က ပြောပါတယ်။

အဲဒီ မြေကျင်းတွေ တွေ့ရတဲ့ နေရာက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က ရွှေ့ပြောင်း ဝင်ရောက်သူတွေကို လူကုန်ကူးသူတွေက ခိုးသွင်းတဲ့ လမ်းကြောင်းပေါ်မှာ ဖြစ်ပြီး အလောင်းတွေဟာ ရွှေ့ပြောင်း ဝင်ရောက်သူတွေရဲ့ အလောင်းတွေ ဖြစ်နိုင်တယ်လို့ ယူဆ ကြပါတယ်။

မေလ အစောပိုင်းကလည်း ထိုင်းနိုင်ငံဘက် ခြမ်းမှာ အလားတူ မြေကျင်းတွေ တွေ့ခဲ့ရပါတယ်။ အဲဒီနောက် လူကုန်ကူးမှု တိုက်ဖျက်ရေးကို ထိုင်းနိုင်ငံက စတင်ခဲ့တဲ့ အတွက် ရွှေ့ပြောင်း ဝင်ရောက်သူတွေရဲ့ စက်လှေတွေကို လူကုန်ကူးသူတွေက ပင်လယ်ပြင်အတွင်းမှာ စွန့်ပစ် ခဲ့ကြပါတယ်။

နောက်ပိုင်းမှာတော့ အဲဒီ ရွှေ့ပြောင်း ဝင်ရောက်သူတွေကို ယာယီ အကူအညီပေးဖို့ ထိုင်းနဲ့ မလေးရှား နှစ်နိုင်ငံ စလုံးက သဘောတူ ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ