ဆက်ဘလတ္တာ ဖီဖာဥက္ကဌ ၅ ကြိမ်ဆက် ဖြစ်လာ

  • 30 မေ 2015
_sepp_blatter_speech ဓာတ်ပုံ မူပိုင် Getty
Image caption ဖီဖာကို ပြန်လည် ပြင်ဆင်သွားမယ့် ဆက်ဘလတ္တာ

ဖီဖာခေါ် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်မှာ အဂတိ လိုက်စားမှုတွေ ရှိနေတာနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ ဆွစ်ဇာလန်တို့ က စုံစမ်း စစ်ဆေးမှုတွေ လုပ်နေတဲ့ ကြားက ကျင်းပခဲ့တဲ့ ဥက္ကဌ ရွေးကောက်ပွဲမှာတော့ လက်ရှိဥက္ကဌ ဆက်ဘလတ္တာပဲ ပြန်လည် ရွေးချယ်ခံခဲ့ရပါတယ်။

သူနဲ့အတူ ယှဉ်ပြိုင် ရွေးချယ်ခံခဲ့တဲ့ ဂျော်ဒန်က မင်းသား အလီဘင် ဟူစိန်က ဒုတိယအကြိမ်မဲပေး ရွေးချယ်မယ့် အချိန်မှာ နုတ်ထွက်သွားခဲ့တာကြောင့်ဖြစ်ပါတယ်။

အဲဒီလို ရွေးချယ်ခံရတဲ့နောက် မစ္စတာဘလတ္တာက မိန့်ခွန်း ပြောကြားခဲ့ရာမှာ တချက်တချက် ဟိုရောက်ဒီရောက် ဖြစ်သွားတာမျိုးတွေ ရှိပေမယ့် သူ့နောက်မှာ သူ့နေရာ ဆက်ခံသူ အတွက် ခိုင်မာ တောင့်တင်းတဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်ကြီးကို ချန်ထားနိုင်ဖို့ အတွက် သူကြိုးစား သွားမယ့် အကြောင်း ကတိပေး ပြောကြားခဲ့ပါတယ်။

မစ္စတာဘလတ္တာက ဖီဖာကို သူ ပြန်လည် ပြင်ဆင်သွားမှာ ဖြစ်တယ်။ အခုက စလို့ နောက်ရက်လ ကြာတဲ့တိုင် လုပ်သွားမယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် သူ့သက်တမ်း ကုန်တဲ့အခါမှာ မုန်တိုင်းကြမ်းက လွတ်မြောက်လာခဲ့ပြီး ဖြစ်တဲ့ ခိုင်မာတဲ့ ဖီဖာ အဖွဲ့အစည်းကြီးကို လွှဲပြောင်းပေးခဲ့ မယ်လို့ ပြောသွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ