အီး​ယူ​ပြင်ဆင်​ရေး​မူ​အတွက် ဗြိ​တိန်​ဝန်ကြီး​ချုပ် ခရီး​နှ​င်

  • 29 မေ 2015
eu_leaders_cameron ဓာတ်ပုံ မူပိုင် AFP
Image caption လက်ရှိ အီးယူ ရဲ့ အခြေ အနေ အခင်းအကျင်း ဟာ ဗြိတိန် အတွက် မလုံ လောက်ဘူး ဆိုပြီး ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန် ပြော။

ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန် ဟာ သူ အကြံပြု ထား တဲ့ ဥရောပ သမဂ္ဂ အဖွဲ့ အီးယူ ပြုပြင် ပြောင်းလဲ ရေး ဆိုင်ရာ မူဝါဒ တွေ နဲ့ ပတ်သက်ပြီး ထောက်ခံ အားပေး မှု တွေ ရရှိ နိုင်ဖို့ အတွက် ဥရော ပ နိုင်ငံ တွေ ရဲ့ မြို့တော် ကြီး တွေ တစ်ခုပြီး တစ်ခု ဆီ ကို ဆက်တိုက် သွားရောက် ဖို့ ခရီး ထွက် နေ ပါတယ်။

ပါရီ မြို့တော် မှာ ပြင်သစ် သမ္မတ ဖရော်န်ဆွာ အိုလော်န့် နဲ့ ဝန်ကြီး ချုပ် ကင်မရွန် တွေ့ဆုံ ခဲ့ ပါတယ်။

ပူးတွဲ ကျင်း ပတဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ တော့ သမ္မတ အိုလော်န့် က ပြင်သစ် အနေနဲ့ ဗြိတိန် ကို အီးယူ ထဲ မှာ ဆက်လက် ရှိ နေ စေ လို ပေမယ့်၊ တကယ်တမ်း ဆက်လက် နေဖို့ မနေဖို့ က တော့ ဗြိတိန် က သာ ဆုံးဖြတ် ရမှာ ဖြစ် တယ် လို့ ပြောပါတယ်။

မစ္စတာ ကင်မရွန် ကတော့ လက်ရှိ အီးယူ ရဲ့ အခြေ အနေ အခင်းအကျင်း ဟာ ဗြိတိန် အတွက် မလုံ လောက်ဘူး ဆိုပြီး ပြောပါတယ်။

ဗြိတိန် တစ်ခုတည်း အကျိုး အမြတ် ရဖို့ မဟုတ်ပဲ အီးယူ အဖွဲ့ ကြီး အနေ နဲ့ ပိုမို အောင် မြင် မှု တွေ ရရှိလာ နိုင် အောင် အတူ လက်တွဲ လုပ် ဆောင် သွား နိုင် တယ်လို့ သူ့ အနေ နဲ့ ယူဆ ကြောင်း လည်း မစ္စတာ ကင်မရွန် က ပြောပါတယ်။

ဒီ နေ့ သောကြာ နေ့ မှာ လည်း ဝန်ကြီးချုပ် ကင်မရွန် ဟာ ဂျာမနီ ဝန်ကြီးချုပ် အိန်ဂလာ မာ့ခဲလ် နဲ့ ပိုလန် ဝန်ကြီးချုပ် အယ်ဗာ ကော့ပ်အက်ချက် တို့နဲ့ တွေ့ဆုံ သွား မှာ ဖြစ် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ