FIFA ခြ​စား​မှု​အတွက် အရှက်ရ​ကြောင်း Sepp Blatter ပြော

sepp_blatter ဓာတ်ပုံ မူပိုင် epa
Image caption ဖီဖာ ရဲ့ ဥက္ကဌ နေရာ အတွက် လက်ရှိ ဥက္ကဌ ဆက်ပ် ဘလတ်တာ နဲ့ ဂျော်ဒန် မင်းသား အလီ တို့ ၂ ဦး ထဲ က တစ်ဦးဦး ကို ရွေးချယ် ရမှာ ဖြစ်။

ကမ္ဘာ့ ဘော်လုံး အဖွဲ့ချုပ် FIFA အတွင်း ဖြစ်ပေါ် နေတဲ့ အကျင့် ပျက် ခြစား မှု ပြဿနာ တွေ ဟာ ဘော်လုံး လော က တစ်ခု လုံး အတွက် အရှက် တကွဲ အကျိုးနည်း ဖြစ် စေ တယ် ဆိုတဲ့ အချက် အပေါ် သူ့ အနေနဲ့ လက်ခံ ပါတယ် ဆိုပြီး FIFA ရဲ့ ဥက္ကဌ နေရာ ကို ယူထားတာ သမနိ ရှည်ကြာ လှပြီ ဖြစ်တဲ့ Sepp Blatter က ပြော လိုက် ပါတယ်။

ဇူးရစ် မှာ ကြာသပတေး နေ့ က ကျင်း ပခဲ့တဲ့ ဖီဖာ ရဲ့ နှစ်လယ် ကွန်ဂရက်စ် ရဲ့ အဖွင့် မိန့်ခွန်း ထဲ အဲဒီ့လို ထည့်သွင်း ပြောကြား ခဲ့ တာ ဖြစ်ပါတယ်။

လက်ရှိ အကျင့်ပျက် ခြစားမှု ပုဒ်မ တွေ နဲ့ စွပ်စွဲ ခံ နေရတဲ့ ဖီဖာ ရဲ့ ထိပ်တန်း အရာရှိ တွေ နဲ့ လည်း သူ ကင်းကင်း ရှင်းရှင်း ရှိကြောင်း မစ္စတာ ဘလတ်တာ က ပုံဖော် ခဲ့ ပြီး သူ့ အနေနဲ့ လူ တစ်ယောက်ချင်း စီ ကို တချိန်လုံး စောင့် ကြည့် မနေ နိုင်ဘူး လို့ လည်း ဆိုပါတယ်။

ဖာဖီ လို အဖွဲ့စည်း အတွင်း မှာ ဘယ်လို ပုံစံမျိုး နဲ့ မှ အကျင့်ပျက် ခြစား မှု ကို လက်သင့် ခံ ဖွယ် ရာ မရှိ ကြောင်း မစ္စတာ ဘလတ်တာ က အလေး ပေး ပြောခဲ့ ပြီး ဖီဖာ အနေနဲ့ အများရဲ့ ယုံ ကြည် မှု ကို ပြန်လည် ရ ယူ ဖို့ အချိန် တန် ပြီ လို့ လည်း ပြောပါတယ်။

ဒီ နေ့ မှာပဲ ဖီဖာ ဥက္ကဌ ရွေးကောက်ပွဲ ကျင်း ပ မှာ ဖြစ်ပြီး မစ္စတာ ဘလတ်တာ ဟာ ငါးကြိမ် မြောက် သက်တမ်း အတွက် ဝင်ရောက် ယှဉ် ပြိုင်ဦး မှာ ဖြစ် ပါတယ်။

မစ္စတာ ဘလတ်တာ မှာ အာဖရိက နဲ့ အာရှ ဒေသ တို့ က ဘော်လုံး အဖွဲ့ချုပ် တွေ ရဲ့ ထောက်ခံ မှု ရှိ နေပါတယ်။

ဒါပေမယ့် ဥရောပ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ မီရှဲလ် ပလာတီနီး က တော့ ဥရောပ နိုင်ငံ တွေ ရဲ့ ဘော်လုံး အဖွဲ့ ချုပ် အများစု ဟာ မစ္စတာ ဘလတ်တာ ရဲ့ ပြိုင်ဘက် ဂျော်ဒန် မင်းသား အလီ ကို မဲ ပေး လာ နိုင် တယ် လို့ ပြော ထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ