ဖီဖာကိုဦးဆောင်ဖို့သူသာအသင့်တော်ဆုံးလို့ဘလက်တာဆို

  • 30 မေ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption အမေရိကန်တရားရေးဌာနနဲ့ ဥရောပကို ဘလက်တာက ဝေဖန်

ဖီဖာ ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဆက်ပ်ဘလက်တာ က အဂတိ လိုက်စားမှု စွပ်စွဲချက် တွေနဲ့ ကြုံနေရတဲ့ ဒီ အဖွဲ့အစည်းကို ဦးဆောင်ဖို့ သူသာ အသင့်တော်ဆုံး လူ ဖြစ်တယ်လို့ ပြောလိုက် ပါတယ်။

ဒီသင်္ဘော ကြီးကို တည်ငြိမ် တဲ့ ရေပြင်ဆီ ရောက်အောင် ပဲ့ကိုင် ခေါ်သွား နိုင်မယ် ဆိုတာ အပြည့် အ၀ ယုံကြည်ကြောင်း သတင်းစာ ရှင်းလင်းပွဲ တခု မှာ ပြောခဲ့တာပါ။

ဖီဖာ အမှုဆောင် ကော်မီတီ ကလည်း သူ့အပေါ် ယုံကြည်တယ် ဆိုတာ ထပ်လောင်း ပြောကြားခဲ့ပြီး အဖွဲ့ရဲ့ ဂုဏ်သိက္ခာကို အဖတ်ဆည်ဖို့ လိုလား နေကြတယ် ဆိုပြီးလည်း ပြောပါတယ်။

သူဟာ ဒေါ်လာ ၁၀ သန်း လာဘ်ယူ ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက် တွေနဲ့ ပတ်သက် လို့လည်း သူနဲ့ မသက်ဆိုင်ကြောင်း ငြင်းဆို သွားပါတယ်။