စည်ပိုင်း​ဗုံး​ကြောင့် ဆီး​ရီး​ယား​မှာ လူ အစု​လိုက်​အပြုံ​လိုက် သေဆုံး

aleppo ဓာတ်ပုံ မူပိုင် Reuters
Image caption အခု နှစ် အတွင်း ဆီးရီးယား အစိုးရ ကျုးလွန် ခဲ့ သမျှ လူတွေ ကို အစုလိုက် အပြုံ လိုက် သတ်ဖြတ် မှု တွေ ထဲ က အဆိုးဆုံး ဖြစ်ရပ် တစ်ခု လို့ ဝေဖန် နေ။

ဆီးရီးယား နိုင်ငံ မြောက်ပိုင်း အလက်ပ်ပို ဒေသ ထဲ က Al Bab ဆိုတဲ့ မြို့ ရဲ့ လူစည်ကားရာ စျေးမှာ ဆီးရီးယား အစိုးရ က ကြဲချ ခဲ့တဲ့ ပေါက်ကွဲ မှု ပြင်းထန် တဲ့ စည်ပိုင်း ဗုံး တွေ ကြောင့် အနည်းဆုံး လူ အယောက် ၆၀ သေဆုံး သွား ပါတယ်။

အဲဒီ့ Al Bab မြို့ ဟာ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တွေ ရဲ့ ထိန်းချုပ် မှု အောက် ကျရောက် နေတာ ဖြစ် ပါတယ်။

ဆီးရီးယား အရေး လှုပ်ရှား တက်ကြွသူ တွေ ရဲ့ အဆိုအရ သေဆုံး ခဲ့ သူတွေ အားလုံး လိုလို ဟာ အရပ် သား တွေ ဖြစ်ပြီး အမျိုးသမီး နဲ့ ကလေး သူငယ် တွေ လည်း ပါဝင် တယ် လို့ ဆိုပါတယ်။

အခု နှစ် အတွင်း ဆီးရီးယား အစိုးရ ကျုးလွန် ခဲ့ သမျှ လူတွေ ကို အစုလိုက် အပြုံ လိုက် သတ်ဖြတ် မှု တွေ ထဲ က အဆိုးဆုံး ဖြစ်ရပ် တစ်ခု လို့လည်း ဝေဖန် နေ ကြပါတယ်။

အလက်ပ်ပို မြို့ ကြီး ပေါ် က သူပုန် တွေ ထိန်းချုပ် ထားရာ ရပ်ကွက် ထဲ ကြဲခဲ့တဲ့ စည်ပိုင်း ဗုံး တွေ ကြောင့် လည်း လူ ၁၂ ဦး သေဆုံးခဲ့ တာ မှာ မိသားစု တစ်ခု ထဲ က လူ တွေ အများစု ပါသွား ကြတယ် ဆိုတဲ့ သတင်း တွေ လည်း ထွက် ပေါ် နေပါတယ်။

အခုလို ပေါက်ကွဲ စေတတ် တဲ့ ပစ္စည်း တွေ အမြောက်အများ ကို စည်ပိုင်း ကြီး တွေ ထဲ ထည့် ပြီး ကြဲ ချ နေတဲ့ ဆီးရီးယား အစိုး ရရဲ့ လုပ်ရပ် ဟာ စစ်ရာဇဝတ်မှု မြောက်တယ် ဆိုပြီး လူ့ အခွင့်အရေး လှုပ်ရှား သူ တွေ က ရှုတ်ချ နေကြ ပါတယ်။

တခါ၊ ဆီးရီးယား နိုင်ငံ ထဲမှာ ပဲ ပါလ်မိုင်းရား မြို့ မှာ ရှိတဲ့ တာ့ဒ်မူးရ် အကျဉ်းထောင် ကို IS တွေ က ဖောက် ခွဲ ပစ်လိုက် တယ် ဆိုတဲ့ သတင်း တွေ လည်း ရရှိ ထား ပါတယ်။

အဲဒီ့ အကျဉ်း ထောင် ဟာ ဆီးရီးယား အစိုးရ ရဲ့ ဖိနှိပ် အုပ်ချုပ် မှု ကို ကိုယ်စား ပြု ဖော် ပြတဲ့ နေရာ အဖြစ် ရှိလာ ခဲ့တာ ၁၀ စုနှစ် ပေါင်း များ စွာ ကြာမြင့် နေပြီ ဖြစ် ပါတယ်။

အဲဒီ့ တာ့ဒ်မူးရ် အကျဉ်း ထောင် ထဲ မှာ နိုင်ငံရေး အကျဉ်းသား ထောင် ပေါင်း များစွာ ဟာ ဖမ်းဆီး ချုပ် နှောင် ခံ ခဲ့ ရပြီး၊ နှိပ်စက် ညှင်း ပမ်း မှု တွေ၊ ရောဂါဘယ ဒဏ် တွေ ကို နှစ် ပေါင်း များစွာ ခံစား ခဲ့ ကြရတာ ဖြစ်ပါတယ်။

အကျဉ်းသား အများ စု လည်း ကွပ်မျက် ခံရတဲ့ နေရာ ဖြစ် ပါတယ်။ အကျဉ်းသား တွေ ထဲ မှာ ဆီရီးယား လူမျိုး တွေ သာ မက၊ လက်ဘနီးဇ် တွေ၊ ပါလက်စတိုင်း နဲ့ အီရတ် က လူ တွေ၊ အစုံ ရှိ ခဲ့ ကြ ပါတယ်။

အခု လက်ရှိ သမ္မတ ဘရှား အာဆတ် ရဲ့ အဖေ ဟာဖက်ဇ် အာဆတ် လက်ထက် ကတည်း က တာ့ဒ်မူးရ် အကျဉ်း ထောင် ဟာ ဆီရီးယား ပြည်သူ တွေ ကြားထဲ မှာ အကြောက်တရား သွတ်သွင်း ဖြစ် ပေါ် စေခဲ့ ပါတယ်။

ပါးလ်မိုင်းရား မြို့ IS တွေ လက်ထဲ မကျ ခင် မှာ အကျဉ်းထောင် ထဲ က အကျဉ်းသား တွေ ကို ဆီးရီးယား အစိုးရ က ခေါ်ထုတ် သွားခဲ့တယ် လို့ သတင်း တွေ ထွက် ပေါ် ခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ