ထိုင်း ဒုဗိုလ်ချုပ်ကြီး တစ်ဦးကို ဖမ်းဝရမ်းထုတ်

ဓာတ်ပုံ မူပိုင် royal thai army
Image caption ထိုင်းမှာ လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးမှုတွေထဲမှာ ပထမဆုံး စစ်တပ် အရာရှိကြီးတစ်ဦး ပါဝင်လာခဲ့။

ထိုင်းနိုင်ငံမှာ လူကုန်ကူးမှုနဲ့ ပတ်သက်တယ်လို့ စွပ်စွဲ ခံရတဲ့ ထိုင်းစစ်တပ် အဆင့်မြင့် အရာရှိကြီး တစ်ယောက်ကို ထိုင်းတရားရုံးက ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး မာနတ်တ် ခေါ်န်ပန် Manas Kongpan ဟာ ထိုင်းစစ်တပ်ရဲ့ စစ်ဆေး မေးမြန်းမှု ခံရမှာ ဖြစ်ပြီး ရာဇဝတ်မှု စွဲချက်နဲ့ ရင်ဆိုင်ရဖွယ် ရှိပါတယ်။

သူ့ကို ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒီလုပ်ဆောင်မှုဟာ ထိုင်းနိုင်ငံကို ဖြတ်ပြီး လူကုန်ကူးတဲ့ လမ်းကြောင်းကို ပိတ်ပင်ဖို့ ထိုင်းအစိုးရရဲ့ ကြိုးပမ်းမှု တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။ မြန်မာ နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်က လာတဲ့ ရွှေ့ပြောင်းသူတွေကို လူကုန်ကူးသူတွေက မလေးရှားနိုင်ငံဆီ ခေါ်မသွားခင် ထိုင်းတောင်ပိုင်းက စခန်းတွေမှာ ထားခဲ့ကြတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်အတန်ကြာကတော့ အဲဒီ ဗိုလ်ချုပ်ကြီးက ထိုင်းနိုင်ငံ အနေနဲ့ ရွှေ့ပြောင်း လုပ်သားတွေကို လူသားချင်း စာနာစွာ ဆက်ဆံပါတယ်လို့ ပြောခဲ့ဖူးပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ