အမေရိကန် လွတ်လပ်မှု ဥပဒေ မဲခွဲ

  • 2 ဇွန် 2015
data collection ဓာတ်ပုံ မူပိုင် VT
Image caption ဖုန်း အချက်အလက် တွေ သိမ်းဆည်း ထောက်လှမ်း

အမေရိကန် အစိုးရ ထောက်လှမ်းရေး အဖွဲ့ တွေက ပြည်သူ တွေရဲ့ ဖုန်း အချက်အလက် တွေ အစုအပြုံလိုက် သိမ်းဆည်းတာကို ရပ်ဆိုင်းဖို့ ဆီးနိတ် လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ် ခဲ့ကြ ပါတယ်။

အမျိုးသား လုံခြုံရေး အဖွဲ့ ရဲ့ ထောက်လှမ်းမှုတွေ ပြန်စဖို့ ဆီးနိတ်က ခွင့်ပြု ခဲ့ပေမယ့် ကန့်သတ်မှု တွေ ထားရှိ ခဲ့ပါတယ်။

ခု ဆိုရင် အမေရိကန် နိုင်ငံသား တွေရဲ့ ဖုန်းမှတ် တမ်းတွေ ရဖို့ ထောက်လှမ်းရေးက ဝရမ်း ခွင့်ပြုချက် ရဖို့ လိုလာပြီ ဖြစ်ပါတယ်။

သမ္မတ အိုဘားမားကတော့ ဒီ အမေရိကန် လွတ်လပ်မှု ဥပဒေ သူ့စားပွဲ ပေါ် ရောက်လာရင် ချက်ချင်း လက်မှတ်ထိုး ထုတ်ပြန် ပေးမယ်လို့ ပြောကြား ခဲ့ပါတယ်။

ဆီးနိတ် လွှတ်တော်က သက်တမ်း ထပ်တိုးဖို့ သဘော မတူခဲ့တဲ့ အတွက် အကြမ်းဖက်မှု တားဆီးရေး ဥပဒေဟောင်းကတော့ ပြီး ခဲ့တဲ့ တနင်္ဂနွေနေ့ကပဲ သက်တမ်း ကုန်ဆုံး သွားခဲ့ပါတယ်။

သမ္မတ အိုဘားမားကတော့ ဒါကို ခွင့်မလွှတ် နိုင်စရာ လက်လွတ် ဆုံးရှုံးမှု အဖြစ် ပြစ် တင် ရှုတ် ချခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ