ဖိလစ်ပိုင် သမ္မတက တရုတ်ကို နာဇီနဲ့ ခိုင်းနှိုင်း

  • 3 ဇွန် 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ဂျပန်နဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ သမ္မတ အာကွီနို ၄ ရက်တာ အလည်အပတ်ခရီး ရောက်ရှိနေ။

တောင်တရုတ် ပင်လယ်အတွင်းက တရုတ်နိုင်ငံရဲ့ လုပ်ဆောင်ချက်တွေဟာ ဒုတိယ ကမ္ဘာစစ် မတိုင်မီ ကာလက နာဇီ ဂျာမနီ တို့ရဲ့ နယ်မြေ ချဲ့ထွင်ပုံနဲ့ အလားသဏ္ဌာန် တူတယ်လို့ ဖိလစ်ပိုင် သမ္မတ ဘီနစ်နို အာကွီနိုက ပြောကြား လိုက်ပါတယ်။

ဖိလစ်ပိုင် သမ္မတ အာကွီနိုဟာ ဂျပန်နိုင်ငံကို ၄ ရက်တာ အလည်အပတ် ရောက်ရှိနေစဉ် တိုကျိုမြို့မှာ စီးပွားရေး လုပ်ငန်းရှင် ကြီးတွေ တက်ရောက်တဲ့ Future of Asia ဖိုရမ်မှာ အခုလို ပြောကြားခဲ့တာပါ။

ကမ္ဘာ့အသိုင်း အဝိုင်းအနေနဲ့ ဘေဂျင်းကို ချော့မြှူ ဖျောင်းဖျ နေတာတွေ ဆက် မလုပ်သင့်တော့တဲ့ အကြောင်းလည်း သူက ပြောပါတယ်။ သမ္မတ အာကွီနိုဟာ အရင်ကလည်း အခုလို မှတ်ချက် စကားမျိုးကို ပြောခဲ့ဖူးပါတယ်။

တရုတ် နိုင်ငံဟာ တောင်တရုတ် ပင်လယ်အတွင်းက ဧရိယာ အတော်များများကို သူပိုင်တယ်လို့ တစ်ဖက်သတ် ပြောထားပြီး ကျွန်းစု အတော်များများကိုလည်း သူပိုင်ကြောင်း ကြေညာ ထားပါတယ်။ အဲဒီ အငြင်းပွား ကျွန်းစုတွေ ပေါ်မှာလည်း တရုတ်က အဆောက်အအုံတွေ ဆောက်လုပ်နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ