အိန္ဒိယမှာ လူကြိုက်များတဲ့ ခေါက်ဆွဲ ကုန်အမှတ်တံဆိပ် စစ်ဆေးခံရ

  • 3 ဇွန် 2015

အိန္ဒိယနိုင်ငံမှာ လူကြိုက်များပြီး အလွယ်တကူစားသောက်နိုင်တဲ့ Nestle ကုမ္ပဏီက ထုတ်တဲ့ Maggi ကုန်အမှတ်တံဆိပ် ခေါက်ဆွဲခြောက်တွေကို စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

အိန္ဒိယ ပြည်နယ်အတော်များများက အာဏာပိုင်တွေက ဒီခေါက်ဆွဲနမူနာတွေကို စစ်ဆေးကြည့်တဲ့အခါ ခဲဓာတ် ပါဝင်မှုနှုန်းနဲ့ monosodium glutamate (MSG) လို့ခေါ်တဲ့ ဓာတုဒြပ်ပေါင်းတွေ၊ မြန်မာအခေါ် အချိုမှုန့်တွေ ခွင့်ပြုထားတာထက် များနေလို့ ဖြစ်ပါတယ်။

Nestle ဘက်ကတော့ သူတို့ရဲ့ တင်းကျပ်တဲ့ အရည်အသွေး ထိမ်းချုပ်မှု အစီအစဉ်အရ သူတို့ရဲ့ ထုတ်ကုန်တွေကို သေချာ စစ်ဆေးကြည့်ရှုကြောင်း၊ သူတို့ စစ်ဆေးချက်တွေအရ ခဲပါဝင်မှုနှုန်းဟာလည်း သတ်မှတ်ထားတာထက် မပိုကြောင်း ကြေညာချက်ထုတ် ပြောဆိုခဲ့ပါတယ်။

Image caption Maggi ခေါက်ဆွဲတွေမှာ အချိုမှုန့် မပါဝင်ကြောင်း

သူတို့အနေနဲ့ အိန္ဒိယမှာရောင်းတဲ့ Maggi ခေါက်ဆွဲတွေမှာ အချိုမှုန့် မပါဝင်ကြောင်းနဲ့ ထုတ်လုပ်တဲ့ပစ္စည်းပေါ်မှာလည်း ဖော်ပြထားတယ်လို့ ဆိုပါတယ်။